အပိုင်း ၇ ⚠

37.2K 3.1K 114
                                    

Unicode

Warning နဲ့ allergic ရှိတဲ့သူတွေပြန်ထွက်သွားပေးပါ ။ ပီလိစ့်!!

/////

သူ့လက်မှတ်ကိုစာချုပ်ပေါ်တင်ဖို့တွေဝေနေတာမျိုးမဟုတ်ပါဘူး ။
တစ်နှစ်ဆိုတဲ့အချိန်ကြီးကိုကြောက်တာ ။
နေပါဦးသူဘာအတွက်ကြောင့်မဟာထူးလွင်ကိုလိုက်လျောပေးခဲ့တာလဲ ။

အဝါရောင်ပုဆိုးနဲ့နှစ်ယောက်သားရုံးရောက်နေတာဖြစ်ပြီး သားကတော့ကိုစိုင်းလူဆီမှာရှိနေပါသည် ။

နိုင်ကကြီးကြီးကျယ်ကျယ်မလုပ်ချင်ဘူးဆိုလို့သာ မဟာကလက်စွပ်နှစ်ကွင်းနဲ့ရုံးကိုခေါ်လာတာဖြစ်သည် ။ မဟုတ်ရင်ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ်ကြီးတွေလုပ်နေတော့မှာ ။

သူလက်မှတ်ကိုကပျာကယာထိုးလို့အရှေ့ကရွှေရောင်မောင်းကွင်းကိုလက်သူကြွယ်မှာကောက်စွပ်လိုက်တယ် ၊ တယုတယတမြတ်တနိုးတွေထဲထပ်မနစ်မွန်းချင်ဘူး ။

" နိုင် မောင့်ကိုဝတ်ပေး "

ဟော ကြည့် သူတောင်မဝတ်ပေးစေချင်လို့ကောက်စွပ်လိုက်တာကို သူ့အလှည့်ကျဝတ်ပေးတဲ့ ၊

မျက်စောင်းတစ်ချက်ဒိုင်းခနဲထိုးလို့ ရုံးလူကြီးရှေ့ထမသတ်ချင်တာနဲ့ဘဲ သူလက်စွပ်ကိုမဟာ့ရဲ့လက်သူကြွယ်မှာစွပ်ပေးလိုက်တယ် ။

ဒီနေ့ကစလို့သူတို့ဟာတရားဝင်ခင်ပွန်းမောင်နှံတွေဖြစ်ကြခဲ့ပါသည် ။

လက်မှတ်ထိုးပြီးတာနဲ့နိုင်က ကိုစိုင်းလူလက်ထဲကသားကိုပွေ့ချီလိုက်တယ် ခုဆိုသားကခေါင်းနိုင်နေပြီမို့ ခေါင်းကလေးထောင်ပြီးသိပ်စပ်စုတတ်နေပြီ ။

သူ့ပုခုံးပေါ်မေးလေးတင်ပြီးသူမြင်သမျှလိုက်ကြည့်နေတဲ့သားရဲ့ ကျောပြင်ကိုပွတ်သပ်ပေးရင်သူမဟာ့ကိုစောင့်နေလိုက်တယ် ။
ဒီလိုကြာနေဦးမယ်ဆိုသူ့ဗိုက်ကလက်ခံတော့မှာမဟုတ်ဘူး ။

" သွားရအောင် နိုင် စိုင်းလူကားထုတ်ထား "

" အဆင်သင့်ဘဲ ဆရာ "

သူနိုင့်ပုခုံးပေါ်လက်တင်တော့ နိုင်ကမျက်လုံးမှေးကျဥ်းတွေနဲ့သူ့ကိုလာကြည့်သည် ။ ဘယ်လောက်တောင်ရန်လိုနေတဲ့ကြောင်ပေါက်လေးလဲ။

မဏ္ဍိုင်Where stories live. Discover now