အပိုင်း ၁၁

27.2K 2.8K 35
                                    

တစ်ကယ်ကိုတစ်ချက်လေးမှမငြီးငြူတာကိုအံ့သြလို့မဆုံးဘူး ၊ လက်ဖဝါးကအပူလောင်ရာကိုကြည့်လို့မဟာ့မျက်နှာကမှုန်ကုပ်ကုပ်ဖြစ်နေတာဖြစ်သည် ။ ရုန်းနေချင်တဲ့လက်ကိုအတင်းဆွဲယူထားတော့မှနိုင်ကမျက်နှာလေးတစ်ချက်မဲ့ကျသွားပြီး ငြိမ်ငြိမ်လေးနေပေးလာ၏ ။

သူသတိလက်လွှတ်နေမိလိုက်တော့သားရဲ့အပူလောင်ရာကိုဘဲဆေးလိမ်းပြီးသိပ်နေတာနဲ့နိုင့်လက်ကိုသတိမရခဲ့ ။ တစ်ကယ်ဆိုနိုင်ကပိုတောင်နာကျင်နေဦးမည် ၊ အဲ့ဒီ့အပူအိုးကြီးကိုလက်ဝါးကြီးနဲ့ပိတ်ရိုက်တာမဟုတ်လား ။

ကျစ်!

သူစုပ်တစ်ချက်သပ်တော့နိုင်ကမဝံ့မရဲလေးမော့ကာကြည့်လို့ ။

" မောင်အသုံးမကျဘူးဆိုတာတစ်ကယ်မှန်နေတာဘဲ ငယ် "

ကိုယ့်ကိုယ်ကိုယ်အလိုမကျတဲ့စကားလုံးတွေနဲ့ပြောလာတဲ့မဟာ့ကိုနိုင်ကမျက်ခုံးတစ်ဖက်ပင့်လို့ကြည့်လိုက်သည် ။

သွင်ကြည်နိုင်တို့ကတော့သူများကသာလာပြောရင်မကြိုက်ဘဲနေမယ် ကိုယ့်ဟာကိုယ်ပြန်ပြောနေတာဆိုရင်တော့ဆယ်ခါလောက်ထိုင်အော်နေပစေဦး သဘောတကျကြီးကိုလက်ခုပ်လက်ဝါးတီးလိုက်ဦးမည် ။

သို့သော် ခုနေရင်းတော့ မင်းအသုံးမကျတာမင်းသိရင်ပြီးတာဘဲလို့တော့ရွဲ့ချိတ်လိုက်လို့မရ ။
မဟာထူးလွင်ဆိုတာမိန်းမများထက်ကို ခံစားချက်နုယွလို့ အသည်းသေးသိမ်လွယ်တဲ့ကောင် ။

မသိချင်ယောင်ဆောင်လို့ ပတ်တီးစည်းပြီးတာနဲ့သူကုတင်ပေါ်ကထကာထွက်သွားတော့ လှမ်းကာဆွဲလို့ နောက်ကျောဘက်ခါးမှာမျက်နှာအပ်ထားတဲ့သူ ။

တွေ့လား ၊ နုနုနယ်နယ်မိန်းမငယ်လိုပါဆို ။

" မောင် တောင်းပန်တယ်နော် မောင်မကာကွယ်နိုင်ခဲ့ဘူး "

တဖြေးဖြေးအသံတို့တိုးတိမ်တုန်ယင်လာတဲ့အတွက်ငိုတော့မယ်ဆိုတာသူသိလိုက်ချေပြီ ။

" မောင် မင်းကိုချစ်တယ် ၊ ယုံပါလို့မပြောဘူး ငယ် ၊ ငယ်ယုံအောင်မောင်ကသက်​သေပြမှာ "

သူဒီစကားတွေကိုကြားရတာနားခါးဝံ့သည် ။
ငါမင်းကိုယုံချင်လွန်းလို့ခက်နေတယ်ဆိုတာမင်းသိရဲ့လား မဟာထူးလွင်ရဲ့ ။ မင်းဆီမှာဘဲထပ်ခါထပ်ခါပြိုလဲမိနေတဲ့ငါ့စိတ်ကိုလဲနားမလည်နိုင်တော့ဘူး ။ မင်းဆိုရင်လေငါ့စိတ်ကအဲ့ဒီလိုမျိုး ညံ့သက်လွယ်တယ် ၊ ဝပ်တွားလွယ်တယ် ။ အင်း... မင်းဆီမှာဘဲ ၊ မင်းတစ်ယောက်ဆီမှာဘဲ ။

မဏ္ဍိုင်Where stories live. Discover now