၃၄

16.1K 1.8K 73
                                    

Bathrobe ကိုသာဝတ်လို့ကုတင်ဘေးတွင်ခုံယူကာခြေချိတ်ထိုင်နေပြီး သူကုတင်ပေါ်ကအိပ်ပျော်နေတဲ့ ခန္ဓာဗလာနှင့်နိုင့်စုံချည်ဆန်ချည်ကြည့်နေလိုက်သည် ။ မသိမသာဆူမို့လာတဲ့ရင်သား ၊ လုံးဝန်းနေတဲ့တင်သားတွေနဲ့ သူ့အရာလေးကိုပါအထင်းသားမြင်နေရသည်။ စောင်မှမခြုံထားပါဘဲ ။ ရှိုက်ဖိုကြီးငယ်မရှိပေမယ့် နိုင်သည်သိပ်ကိုလှပါသည် ။ ချစ်ခင်စုံမက်ဖွယ်ကောင်းတဲ့တစ်ခုတည်းသောနွံကလေးမို့လား ။

နိုင်ကအိပ်နေရင်းနှင့်လက်တို့ကအိပ်ယာတစ်ဖက်ကိုစမ်းနေပြီးတစ်စုံတစ်ခုကိုရှာဖွေနေဟန် ။

" မောင် "

" အင်း မောင်လာမယ် ငယ် "

ချက်ချင်းပင်ထရပ်လို့ကုတင်ပေါ်တက်ကာနိုင့်ကိုရင်ခွင်ထဲဆွဲသွင်းတော့ တဟင်းဟင်းနှင့်ရင်ခွင်ထဲတိုးဝင်လာ၏ ။ ခါးအားကျစ်နေအောင်ဖက်ထားသူ၏ခေါင်းလုံးလေးအားငုံ့နမ်းလိုက်ပြီး သူအိပ်စက်ဖို့ပြင်ရသည် ။ ၁၀ နာရီလောက်ထဲကထိုင်နေတာမို့အနည်းဆုံးတော့ နာရီနှစ်ချက်ပြန်လောက်ရှိလောက်ပြီ ။

~

" မယုံဘူးလား အသေးလေးက "

သူမေးတော့ အသေးလေးကနှုတ်ခမ်းလေးမသိမသာစူထော်လို့ မျက်နှာတစ်ဖက်သို့လွှဲသွားလေသည် ။

" ဦး ကိုယ့်ကိုကြည့် မျက်နှာမလွှဲနဲ့ "

ခေတ်သစ်ဦးကမကျေမချမ်းနဲ့ပြန်လို့လှည့်လာလေသည် ။

" ဒီလောက်နာမည်ထွက်နေတာလေ အကိုကအဲ့မင်းသမီးနဲ့ကြိုက်နေတယ်ဆိုပြီး "

" ဟောဗျာ ကျွန်တော်ကအဲ့လိုလူမျိုးလား ဦးရဲ့ ဟင်ဖြေပါဦး "

" အကို့ကိုယုံပေမယ့် ဦးအဲ့ဒီ့အမျိုးသမီးကိုမယုံဘူး "

သူဘာပြောရမည်ပင်မသိ​တော့ ၊ သူတို့ရိုက်ကွင်းမှာတစ်ခါဆုံခဲ့ဖူးတဲ့ မင်းသမီးကိုသူနဲ့တွဲနေပါတယ်လို့သတင်းထွက်လို့ဦးကစိတ်ကောက်နေတာ ။ ပေါက်ပေါက်ရှာရှာဘယ်ချောင်ချိုချောင်ကြားကနေထွက်လာတဲ့သတင်းလဲ ။ ကျွတ်စ်! အသဲယားဖို့ကောင်းသား ဘယ်လိုလူတွေဖြန့်လိုက်သလဲမသိပါ ။

မဏ္ဍိုင်Where stories live. Discover now