အပိုင်း၁၄

25.5K 2.7K 45
                                    

Unicode

သားအဖသုံးယောက်နဲနဲတော့ကျပ်ကျပ်သိပ်သိပ်အိပ်ခဲ့ရပေမယ့် ညကတစ်ကယ်ကိုနွေးထွေးခဲ့ပါသည် ။ သူ့ပါးပြင်ဆီထိတွေ့လာတဲ့ခပ်ဖွဖွအနမ်းလေးကြောင့်နိုင်ကနှုတ်ခမ်းစွန်းလေးမသိမသာကော့တက်သွားလေ၏ ။

" ထတော့ငယ် ၊ မောင်တို့ဒီနေ့အပြင်သွားမယ် "

ဟင် ။ ဘယ်အပြင်လဲ ။

ကောက်ထိုင်လိုက်တာများငေါက်ခနဲနေတာဘဲ ။
မျက်လုံးပြူးလေးနှင့်မော့ကာကြည့်နေတဲ့နိုင့်ကိုမဟာကအသဲတယားယားနှင့် ခွေခေါက်ချင်နေပြီ ။

" ဘယ်အပြင်ကိုလဲ "

" ကိုယ်တို့မိသားစုဘုရားသွားကြမယ်လေ "

" မပြောမဆိုနဲ့ဘယ်တုန်းကတိုင်ပင်လိုက်ကြတာလဲ မဟာထူးလွင်! အား ငါ့အဝတ်အစား "

တစ်ယောက်ထဲဗျာများစွာ ရေချိုးခန်းထဲဝင်သွားသူကို​ကြည့်လို့မဟာကပြုံးစေ့စေ့နှင့် ။ သူ့ပိုင်ဆိုင်မှုလေးအတွက်မပြင်ဆင်ပေးရလောက်အောင် ဒီကောင်ညံ့ဖျင်းမနေပါဘူး ။

အဟင်း!

တစ်ယောက်ထဲပျာယာခတ်နေအောင်ခဏပစ်ထားလိုက်ပြီးမှ အဝတ်အစားအိတ်ကိုထုတ်ပေးလိုက်တော့မှနိုင့်မျက်စောင်းတစ်ခုကဒိုင်းခနဲကျရောက်လာလေ၏ ။

အဟားဟား ဟား ချစ်စရာကောင်းလိုက်တာကွာ ။

ကြက်သွေးရောင်ဝမ်းဆက်ဆင်တူကိုဝတ်ထားကြပြီး သားကအစလည်ထောင်လေးနှင့် လျှော့ကြိုးပါပုဆိုးသေးသေးလေးကိုစွပ်ပေးထားသည် ။ အဟက် ကားယားကားယားနဲ့ပုဆိုးနဲ့ ဟုတ်တော့ဟုတ်နေတာဘဲ ။

ငုတ်တုတ်ကလေးထိုင်လို့ဖအေနှစ်​ယောက်ကိုရယ်ပြနေတဲ့ကုတင်ပေါ်ကသားကို မဟာကဓာတ်ပုံကလေးရိုက်လို့အမှတ်တရအဖြစ်သိမ်းလိုက်လေသည် ။ သားကလူချောကြီး ။

သူတို့သားအဖတွေဆင်းလာတော့ မေမေနဲ့ဖေဖေကဧည့်ခန်းမှာအသင့်စောင့်နေကြပြီ ။
နိုင်ကတော့lover seat မှာသားကိုခေါ်ထားလိုက်ပြီး တီတီဆင့်ကတော့မေမေတို့ဖေဖေတို့နှင့်နောက်မှာထိုင်လေသည် ။ မဟာကတော့ကားမောင်းပါလိမ့်မယ် ။

မဏ္ဍိုင်Where stories live. Discover now