အပိုင်း ၃

33.2K 3.7K 95
                                    

Unicode

မဟာထွက်သွားတာနဲ့နိုင်ကသားကိုကောက်ပွေ့သည် ၊ ထို့နောက်တံခါးဆီလှမ်းကာ ကိုစိုင်းလူကိုလှမ်းခေါ်၏ ။

" ကိုစိုင်းလူ! ကျွန်တော့်ကိုတံခါးဖွင့်ပေး "

သူပြောတော့ကိုစိုင်းလူကတံခါးကိုခပ်ဟဟလေးဖွင့်ကာ ပြူတစ်ပြူတစ်နှင့်ကြည့်၏။

" ဘာလိုလို့လဲအကိုလေး "

" ကျွန်တော်တို့သားအဖအိမ်ပြန်မယ် "

" ဟို ဟိုလေ ပြန်လွှတ်ပေးလို့မရဘူးဗျ ဆရာကသေချာမှာသွားတယ် အကိုလေးခြံပြင်နင်းတာနဲ့ ကျွန်တော့်ကိုလည်လှီးမယ်တဲ့ "

ပိုပိုသာသာကြောက်ပြနေတဲ့ဗလတောင့်တောင့်အသားဖြူဖြူနဲ့ရှမ်းလူမျိုးကိုစိုင်းလူကိုကြည့်လို့သူနှာတစ်ချက်ရှုံ့လိုက်သည် ။

" ခင်​ဗျားတို့ဆရာတပည့်နှစ်ယောက် လည်ဘဲလှီးလှီး ဟိုဟာဘဲလှီးလှီး ကျွန်တော်စိတ်မဝင်စားဘူး အဲ့တော့ကျွန်တော်ပြန်မယ် တံခါးဖွင့် ဖယ်ပေးကျွန်တော့်ရှေ့က "

" အဲ့လိုမလုပ်ပါနဲ့အကိုလေးရယ် ဆရာခဏနေပြန်လာမှာပါဆို "

စိုင်းလူကစိတ်ညစ်ညစ်နဲ့ခေါင်းကိုတဗျင်းဗျင်းကုတ်ကာ မျက်နှာမဲ့ရွဲ့လို့နေသည် ၊ သူအပိုပြောတာတော့မဟုတ်ဘူး အကိုလေးကဆရာ့ရဲ့ကြမ်းတမ်းပုံကိုမမြင်ဖူးသေးဘဲနဲ့ဇောင်းကြွနေတယ်လို့ဘဲထင်တယ် ၊ ဒါအမှန်တရား ။

" ကိုစိုင်းလူ ဖယ်မလား မဖယ်ဘူးလား "

သူစိတ်ကိုရဲဆေးတင်လို့ ခေါင်းကိုမော့ကာ အကိုလေးကိုပြန်ကြည့်လိုက်တယ် ။

" မဖယ်ဘူးဗျာ "

သူပြောနေသော်လဲနိုင်ကတွန်းတိုက်ကာထွက်လာပြီ ၊ စိုင်းလူအရမ်းမလုပ်ရဲဘူး အကိုလေးလက်ထဲမှာကလေးကပါသေးတယ် ၊ သူပါအားနဲ့တွန်းလို့ကလေးတစ်ခုခုဖြစ်ရင်ခေါင်းကပြုတ်ဦးမည်ဖြစ်သည် ။

ဒီလိုနဲ့ဘေးကနေတတွတ်တွတ်လိုက်တားရင်ဘဲ ကလေးပွေ့လျက်နိုင်နဲ့စိုင်းလူနဲ့ကအိမ်အောက်ထပ်ကိုရောက်လို့လာပြီ ။

" အကိုလေးရာ ၅မိနစ်လောက်ဘဲစောင့်ပေးပါ "

သူပြောနေလဲအကိုလေးကနားမဝင်ဘူး ၊ ပြန်မယ်ဆိုတာကြီးဘဲ ၊ ကျစ် ဒီအတွဲကလိုက်လဲလိုက်တယ် ၊ တစ်ယောက်ကကြောက်မလိုနဲ့တစ်ဇွတ်ထိုး နောက်တစ်ယောက်ကတစ်ဇောက်ကန်း ။

မဏ္ဍိုင်Where stories live. Discover now