အပိုင်း ၁၅

28.3K 2.6K 107
                                    

Unicode

" ဘရဏီ နင်ဘယ်လိုရောက်လာတာလဲ "

လေဆိပ်ကနေ hotel ကိုရောက်ရောက်ချင်းဘဲဘရဏီကသူတို့ရှေ့မှာအရင်ကြိုရောက်နေလေသည် ။

မဟာကလှမ်းမေးတော့ဘရဏီကမျက်ခုံးတစ်ဖက်ပင့်လို့ဂရုမစိုက်ဘဲ နိုင့်လက်ထဲအိပ်ပျော်နေတဲ့သားကိုသာကြည့်နေ၏ ။

" ဒုက္ခပေးဖို့ဆိုရင်ငါ့ရှေ့ကထွက်သွားနော်ဘရဏီ ငါ့ဒေါသကိုလာမဆွနဲ့ "

" နင့်ကိုနင်စောက်ဘဝင်မြင့်မနေနဲ့ ပေါက်လွှတ်ပဲစားကောင် ငါ့တူကိုလာကြည့်တာ "

ပြောင်ချောချောအဖြူရောင်အောက်ခံနှင့်အပေါ်က coat အမဲထပ်ထားပြီး ဆံနွယ်တို့ကိုတော့အပေါ်သို့မြှင့်၍ထုံးဖွဲ့ထားလေသည် ။ ထို့နောက်ချိုင်းကြားတွင်သတင်းစာတစ်စောင်ကိုညှပ်ထားလေ​သည် ။ gentle style နှင့်မို့ လူတွေကလဲဝိုင်းကြည့်နေကြပြန်၏ ။

လက်ကောက်ဝတ်အထက်ပိုင်းအတွင်းဘက်မှာ အမြှီးရှည်၍ထောင်မောက်နေသောဇာမဏီပုံတက်တူးကအခန့်သားမို့ မိန်းမပေမယ့် ယောက်ျားတစ်ယောက်ရဲ့အရှိန်အဝါဟာအပြည့်ပင်ဖြစ်နေလေ၏ ။

မောင်နှမနှစ်ယောက်ကြောင့်အကြည့်တွေဟာခန်းမအလည်ကသူတို့ဆီတွင်ဖြစ်တည်နေကြသည်မို့လူကြည့်ခံရတာကြိုက်ပေမယ့်ဒီလောက်ကြီးအကြည့်ခံရတာကိုတော့နိုင်မကြိုက်ပါ ။

ကိုစိုင်းလူကတော့ဘာမှမသိသလိုဘဲအနောက်တွင်သာမတ်တပ်ရပ်နေလေသည် ။

ဒေါက်ဖိနပ်သံတဂွက်ဂွက်နှင့် ဘရဏီထူးလွင်ကနိုင်နဲ့သားရှိရာဆီလှမ်းလာတော့မဟာကမျက်မှောင်ကျုံ့၍သာကြည့်နေလိုက်တော့သည် ။ တစ်ခုတစ်ခုလုပ်ရင်တော့ အစ်မဆိုပြီးသူကညှာနေမှာမဟုတ်ဘူး ။ ဘာနေနေနိုင်နဲ့သားအန္တရာယ်ကင်းဖို့လိုသည် ။

သူမကချိုင်းကြားကသတင်းစာအလိပ်ကိုထုတ်ကာဖြန့်ချလိုက်တော့သတင်းစာခေါင်းစီးပိုင်းမှာလေဆိပ်ကသူတို့မိသားစုပုံဖြစ်လေ၏ ။

" ဒီထဲမှာအကျယ်ချဲ့ထားတာတွေလဲပါမယ် ၊
မဟုတ်တမ်းတရားတွေလဲပါနိုင်တယ် ၊ ဒါပေမယ့်ငါသိချင်တယ် အမျိုးသားကိုယ်ဝန်ဆောင်လို့ပြောခဲ့သလားလို့ "

မဏ္ဍိုင်Where stories live. Discover now