အပိုင်း ၂၄

19.9K 2.1K 37
                                    

နေကာမျက်မှန်နှင့် တီရှပ်ခပ်လွင်လွင် short pant ကိုဝတ်ထား​ပြီး တစ်တုတ်နေတဲ့သားကိုချီကာဝင်လာတဲ့သူ့ကိုလူတွေကဝိုင်းအုံကြည့်ကြလေသည် ။

သူ့လက်ထဲကသားကလဲ နီညိုရောင်ဝမ်းဆက်လေးနှင့် အသားကဖြူလွန်းတာမို့ပန်းနုရောင်ပင်သမ်းနေပြီး လက်ထဲမှာဖအေဖြစ်သူရဲ့ ကားသော့ကိုကိုင်ထားလေသည် ။

" နိုင် ဘေဘီ "

တစ်နေရာရာကိုသွားစစ်ဆေးထားသည့်ပုံနှင့် မဟာကသူ့နောက်ကကိုစိုင်းလူအပါအဝင် နောက်ထပ်လူတွေနှင့် နိုင်ရှိရာကိုလှမ်းလာလေသည် ။ ကြည့်ရတာအစည်းအဝေးအရေးပေါ်လုပ်စရာရှိလို့ထင်ပါသည် ။

" မောင့်သားမနေလို့ ငါလာပို့ပေးတာ ငါဘရဏီနဲ့တွေ့စရာရှိသေးတယ် ထားခဲ့မယ် "

ပြောရင်းဖြင့်သူသားကိုမဟာ့လက်ထဲပေးတော့ မဟာကနီတုတ်နေတဲ့သားကိုခေါ်ယူပြီးပါးကိုတစ်ချက်ငုံ့နမ်း၏ ။ ထို့နောက်နိုင့်ဘက်ကိုကြည့်ကာ

" မောင့်ကိုနမ်းခဲ့ဦး "

သွင်ကြည်နိုင်တို့ကဒါမျိုးကိုရှက်မှာမဟုတ်ဘူး ၊ သူ့အနေနဲ့မဟာထူးလွင်ကသူ့အပိုင်ပါလို့မဏ္ဍိုင်တပ်ပြရတာကိုသိပ်ကြိုက်ပါသည် ။ မဟာ့necktie ကိုဆွဲချလို့အလျင်စလိုပင် ပြွတ်ခနမြည်အောင် နှုတ်ခမ်းတစ်ခုလုံးကိုအားပါပါငုံစုပ်ပြီး သားကိုပါတစ်ချက်နမ်းလိုက်သေးသည် ။ ထို့နောက်သားလက်ထဲက ကားသော့ကိုယူလိုက်၏ ။

" ရှင်းလိုက်ဦး ငါကိုဇေယျာကို ​မောင့်showroom လိုက်ပို့ခိုင်းပြီး ကားသော့ဆွဲပြီးမောင်းထွက်လာခဲ့တာ မောင်ရှင်းပေးမယ်မို့လား "

ကားသော့လေးယမ်းကာပြောတော့ မဟာကမနိုင်​ဘူးဟူသည့်သဘောဖြင့်ခေါင်းတစ်ချက်ခါကာပြုံးလေသည် ။

" ငယ့်သဘော မောင်အပြန်ဝင်ရှင်းခဲ့လိုက်မယ် "

" အဟင်း! ချစ်တယ်မောင် သားကိုအသီးနဲနဲကျွေးပေး နေ့လည်စာကိုမောင်ပါစားရင်းထမင်းတစ်ခါထဲကျွေးလိုက် "

သူပြောချင်တာပြောလို့လှည့်ထွက်လာခဲ့တော့သည် ။ မဟာကတော့ လူကြားထဲချစ်ကြောင်းပြောခံရတာမို့မျက်နှာကြီးဖြီးကာသဘောအကျကြီးကျနေပါတော့သည် ။ ငယ်ကတော်ရုံချစ်စကားပြောတတ်တာမဟုတ်ပါ ။ ဒါ့ကြောင့်လဲပိုအသဲယားပါသည် ။

မဏ္ဍိုင်Where stories live. Discover now