အပိုင်း ၁၀

28.1K 3K 93
                                    

သူ့မျက်နှာရှေ့ကွယ်မိုးလာတဲ့အရိပ်ကြောင့် နဂိုနေထိုးခံထားရတဲ့ နိုင့်မျက်ဝန်းတွေကတွန့်ခနဲ ။ ဘယ်သူသူ့ရှေ့ရောက်နေသလဲလို့မျက်ဝန်းတို့ဖွင့်ကြည့်တော့ မဟာကသားကိုလက်တစ်ဖက်နဲ့ဝမ်းဗိုက်ကနေမှောက်ရက်လေးချီထားလေသည် ။

ဒီကောင်တော့သားဗိုက်တွေနာကုန်တော့မှာဘဲ ။

" ငယ် နိုးပြီလား "

Bathrobe နဲ့မဟာကရင်ကွဲဟနေတဲ့နေရာမှာဖုထစ်နေတဲ့ရင်အုပ်နဲ့အောက်မှာလဲဒူးအောက်ကစလို့ ခြေသလုံးမွှေးတွေနဲ့ယောက်ျားပီသမှုအပြည့်နဲ့ဖြစ်တယ် ၊ ရေစက်တွေကလဲဆံနွယ်တွေကနေတစ်တောက်တောက်နဲ့ကျနေ​ပြီမဟာကနိုင့်ကိုငုံ့မိုးကြည့်နေတာဖြစ်သည် ။

" သားဗိုက်နာကုန်မယ် သေချာချီ "

နိုင်ကပြောပြီးတာနဲ့တစ်ဖက်ကိုလှည့်ကာပြန်အိပ်ဖို့ပြင်သည် ။ သူကနိုင့်မျက်နှာနားအထိငုံ့မိုးကျလာပြီး နိုင့်နားထင်လေးကိုပွက်ခနဲခပ်ဖွဖွဖိနမ်း၏ ။

" ဒီနေ့သားကိုမောင်ခေါ်သွားမယ် "

" အင်း.. ငါ့သားမဖျားစေနဲ့ "

" ငယ် မောင့်ကိုကြည့်ဦး "

ဆံနွယ်တွေကိုလှန်သပ်ပေးနေတဲ့မဟာကနဲနဲမှအငြိမ်မနေ ၊ နိုင်အိပ်ချင်သေးပါတယ်ဆိုနေ သူ့ကိုလာကလိနေသည် ။ တပွက်ပွက်နဲ့ကုန်းနမ်းနေ​တော့နိုင့်မှာအိပ်လို့မရတော့ ။

" မဟာငါထထိုးမိတော့မှာနော် "

ပြွတ်စ်!

သူခေါင်းလှည့်လို့အော်ခါမှမဟာကဖြတ်ခနဲသူ့နှုတ်ခမ်းကိုစုပ်ယူနမ်းပြီးခွာသွား၏ ။

" အင်း ပြန်အိပ်တော့ သည်းငယ် "

နိုင်ကတော့အိပ်မက်ကမ္ဘာကိုခြေပြန်ချခဲ့ပါပြီ ။
ခေါ်သွားကောင်းတယ် ၊ မင်းတို့သားအဖဘဲ နေလိုက်တော့ တစ်နေကုန်ပြန်မလာလေကောင်းလေဘဲ ။

မဟာကနိုင်လွယ်နေကျအိတ်လေးထဲနို့မှုန့်ဘူးနှင့် သားရဲ့နို့ဘူးသန့်သန့်လေးကိုထည့်လေသည် ။ အဲ့ဒီနောက်သားကိုအဝတ်အစားသေချာလဲပေးလို့ကုတင်ပေါ်တင်ပေးထားခဲ့ပြီးသူ့ကိုယ်သူပြင်ဖို့လုပ်တော့သည် ။

မဏ္ဍိုင်Onde as histórias ganham vida. Descobre agora