အပိုင်း ၄

33.9K 3.5K 91
                                    

သူသားကိုရှေ့လွယ်အိတ်လေးထဲပိုက်လို့ city mart ကိုရောက်နေတာဖြစ်တယ် ၊ ဒီကနေဆိုသူ့coffee ဆိုင်နဲ့မဝေးတော့တာမို့ နဲနဲပါးပါးဖြစ်ဖြစ် သူcake လဲဝင်ယူရင်းဆိုင်အခြေအနေလဲဝင်ကြည့်ချင်သေးသည်လေ ။

ခုတော့သူကအသီးအရွက်တန်းဘက်ကိုရောက်နေတာဖြစ်တယ် ၊ သားကတော့ ထုံးစံအတိုင်းမျက်ဝန်းလေးစဥ်းလို့ လက်မလေးစုပ်ပြီး အနောက်ကလေးကိုလန်ကာမှေးနေလေရဲ့ ။

အား မှိုလုံးကဇိမ်ယူရတာသိပ်ကြိုက်တာ ။

Market ရဲ့ဘယ်နေရာရာကိုဘဲသွားသွား သူတို့သားအဖကိုလိုက်ကြည့်နေတဲ့ပျိုမဒီတွေကပေါချင်းသောချင်း ။

သူကလဲသူဘဲလေ ၊ pant အသားရောင်ဒူးဖုံးနဲ့ တီရှပ်အဖြူရောင်ရယ်လက်ရှည်အသားရောင်လေးထပ်ဝတ်ထားတာ ၊ သားသာမပါရင်သူကလုံးဝ ladies type ဘဲမို့လား ။

ကလေးကိုမြှူသလိုလိုနဲ့သူ့ကိုရစ်တဲ့သူတွေကလဲဒုနဲ့ဒေး ။

ပြောရရင်ခုထိလက်တွန်းလှည်းထဲမုန်လာဥနီကလွဲကျန်တာမရောက်သေးဘူး ။

" ကလေးကချစ်စရာလေးနော် ရှင်က single father ထင်တယ် "

အပျိုကြီးဖြစ်ဟန်တူတဲ့အမကလာမေးတော့ သူအပြုံးကလေးချိတ်စွဲလို့ခေါင်းလေးတစ်ချက်ငြိမ့်ခဲ့တယ် ။ ဒါဘဲ! ၊ သူ့သားအရှိန်နဲ့သူလဲလူပျိုလုပ်လို့ရတာပေါ့ ။

အဟွန်း! မဟာထူးလွင် မင်းဒီပုံကိုသာမြင်ရင်ဘယ်လောက်သွေးတက်သွားလိုက်မ​လဲ ။

" သွင်ကြည်! "

ခေါ်သံကြားလို့လှမ်းငဲ့ကြည့်တော့ cafe manager ကိုဇေယျာဖြစ်နေခဲ့တယ် ၊ ဆိုင်မှာလိုအပ်တာတွေရှိနေတာဖြစ်မယ် မန်နေဂျာပါကုန်တိုက်ရောက်နေတာဆိုတော့ ။

ဒီလိုကျတော့လဲ အင်း ဆိုင်ပိုင်ရှင်ဖြစ်တဲ့သူကဘာမှမလုပ်ပေးနိုင်ဘဲ mall ပတ်နေတာဆိုတော့သိပ်မကောင်းဘူးမို့လား ။

" အကိုဇေယျာ "

သူခေါ်တော့ကိုဇေယျာကအပြုံးကြီးပြုံးပြီး
သူ့လက်တွန်းလှည်းကိုလာဆွဲယူလေတယ် ။
ကိုယ့်ပစ္စည်းကပါသွားတော့နိုင်ကလဲအပြေးလိုက်ရပါတော့တယ် ၊ အပျိုကြီးကတော့ လစ်!

မဏ္ဍိုင်Where stories live. Discover now