အပိုင်း ၃၀

23.2K 2K 83
                                    

" အဲ့မမ ဖေ့ကိုကြိုက် ဒယ်ဒီ "

နှုတ်ခမ်းလေးထော်လို့ ကောင်တာမှာထိုင်နေတဲ့သူ့ဖအေနဲ့ ငွေရှင်းနေတဲ့အမျိုးသမီးကိုလက်ညှိုးထိုးရင်းပြောလာတဲ့သားကြောင့် သူမော့ကြည့်လိုက်သည် ၊ အင်း ဘေးလူကြည့်ရင်တောင် တော်​တော်သိသာနေပြီ ၊

ကလေးဆန်တာလို့ဘဲဆိုဆို သူတစ်ကယ်နိုင့်အနားလူတွေဝိုင်းနေမှာကိုသဘောမကျပါ ၊ သူကနိုင်နဲ့မတူဘူး ။

သားကိုခဏထားခဲ့လို့သူကောင်တာဆီလှမ်းသွားရင်းမတ်တပ်ရပ်နေသူရဲ့ခါးကိုဆွဲကာသူ့ဘက်ကပ်လိုက်တော့ နိုင်ကရင်ခွင်ထဲအလိုအလျှောက် ။

" ငယ့်သားကသွားချင်လို့ဖင်တကြွကြွဖြစ်နေပြီလေငယ် "

အမျိုးသမီးငယ်ရှေ့မဖွယ်မရာလုပ်ပြတာမဟုတ်ပေမယ့် လုပ်ပြမှဖြစ်မယ့်ကိစ္စ ၊ မဟာထူးလွင်ကသူဦးဆောင်သူဖြစ်ကြောင်းသိပ်ပြချင်တာ ။

နိုင်ကဒါကိုရိပ်မိနေတာမို့ခပ်ဖွဖွပြုံး​တော့ မဟာကမကျေနပ်တော့ ၊

သူမဟာ့ဘက်လှည့်ကာနှုတ်ခမ်းဖျားကိုဖိကပ်နမ်းပစ်လိုက်တော့မှသာလျှင်မှိုရသွားတဲ့မျက်နှာလိုပြုံးဖြီးသွားတော့သည် ။

" ခဏဘဲစောင့်လေမောင်ရဲ့ ငယ်ခဏနေပြီးပြီ "

ချက်ချင်းတွေအခေါ်အဝေါ်တွေပါပြောင်းလို့သူ့ကိုယ်သူ ငယ်ဆိုတော့ မဟာထူးလွင်ရဲ့မျက်ဝန်းညိုတွေဟာမမြင်ရလောက်အောင်ကိုပိတ်ကျသွားသည်အထိ ပြုံးနေသည် ။

အမျိုးသမီးငယ်ဟာမျက်နှာအပျက်ပျက်နှင့်ရှက်ကလဲရှက်စွာ ကမမ်းကတမ်းပြေးထွက်သွားလေ၏ ။

နိုင်ကတခုတ်တရပင်ရယ်တော့ မဟာသဘောကျစွာ ။

" သွား မင်းထိုင်နေတော့ လူရှေ့လာကလူနေတယ် "

နားနေခန်းဝင်ဖို့လှည့်သွားတဲ့နိုင့်ဖင်ကို ဖျန်းခနဲရိုက်လို့ညှစ်ချလိုက်တော့ နိုင်ကလက်ပြန်လက်ခလည်ထောင်ပြသွားလေသည် ။

အဟင်း ၊ သိပ်ချစ်ဖို့ကောင်းတဲ့အရိုင်းတုံးလေး ။

/

" ဘေဘီမပြေးရဘူး "

ပန်းခြံထဲတစ်တောက်တောက်နဲ့ပြေးနေတဲ့သားကိုသူဖမ်းပင်မမိတော့ နိုင့်ကိုလှည့်ကြည့်တော့ ဖျာခင်းပေါ်မှာစာအုပ်အပီအပြင်ဖတ်နေ​တာ ။ သူ့ကျသားကိုထိန်းဆိုပြီးလွှတ်ထားရက်တယ်ပေါ့ ။

မဏ္ဍိုင်Where stories live. Discover now