၄၃ (Title End)

19.5K 1.8K 121
                                    

ပထမဦးဆုံးခွဲခန်းဝင်ချိန်မှာတော့ ခံစားချက်ကအရင်နဲ့မတူပါဘူး ၊ နှစ်​ယော​က်ဆိုတဲ့အသိကရှိနေတာမို့စိတ်ကလေးလံနေခဲ့ပါသည် ။

မေမေ့လက်ကိုကျစ်နေအောင်ဆု​ပ်ကိုင်လို့ ခပ်လှမ်းလှမ်းကမောင့်ကိုစိုက်ကြည့်နေမိသည် ။
သူပြောဖို့ပြင်ထားတဲ့စကားတွေကမောင့်ရဲ့မျက်နှာငယ်လေးကြောင့်လေထဲတောင်ဝဲချင်ချင် ။

ဒါပေမယ့်လဲပြောဖို့လိုနေသည်မို့ ။

" တစ်ကယ်လို့လေ "

သူခပ်မျှင်းမျှင်းလေးပြောတော့ မဟာကသူ့အနားကိုလှမ်းလာတယ် ။ လစ်လပ်နေတဲ့နိုင့်တစ်ဖက်ခြမ်းမှာမဟာကနေရာယူလာပြီး ကျန်လက်တစ်ဖက်ကိုအုပ်ကိုင်လာခဲ့သည် ။

" တစ်ကယ်လို့ အရေးပေါ်အခြေအနေမှာ "

" အရေးပေါ်အခြေအနေဆိုတာမရှိဘူး "

" မဟာ! "

မင်းတို့စကားပြောနှင့်ဦး အမေဆရာဝန်တွေနဲ့စကားသွားပြောဦးမယ် "

အမေကအလိုက်တသိပင်ထွက်သွားပြီး မဟာကတော့မျက်မှောင်ကြီးကျုံ့ကာအလိုမကျသလိုနှင့် ။

" မောင် ငါ့ကိုကြည့် "

မကျေနပ်စွာကျရောက်လာတဲ့အကြည့်ကိုနိုင်ရယ်ချင်ပေမယ့်မရယ်ရက်ခဲ့ ။

" ငါဘာမှမဖြစ်ဘူးဆိုတာသိတယ် ဒါပေမယ့်ကံတရားကိုတော့ငါမသိဘူး "

" မလိုဘူး ဘာအရေးပေါ်အခြေအနေမှမဖြစ်ဘူး မောင်က ငယ်ကောမောင့်သားတွေကောတစ်ခုခုဖြစ်ရင် အားလုံးကိုမြေလှန်ပစ်မှာမို့ သူတို့မလုပ်ရဲဘူး "

ကလေးစကားတွေပြောနေတဲ့မဟာ့ကိုဘယ်လိုပြောပြရမည်ပင်မသိတော့ ။

" သူတို့လုပ်လို့မဟုတ်ဘူးလေ အခန့်မသင့်ဘူးဆိုတာက "

" တော်ပြီ မောင်မသိချင်ဘူး မောင့်ဆီကိုအကောင်းတိုင်းပြန်လာခဲ့ "

သူ့စိတ်ထဲရှိတာဘဲပြောနေတဲ့ဒီကောင်လေးကိုသူဘယ်လိုဆူရက်ပါ့မလဲ ။

" မောင်ကဆိုးလိုက်တာ "

ဒီလူသားကိုချစ်လို့ရင်းခဲ့နိုင်ရင် ဒီလူသားကိုချစ်လို့ပြန်လာနိုင်ရမည် ။

မဏ္ဍိုင်Where stories live. Discover now