အပိုင်း ၂၈

18.6K 1.8K 42
                                    

အိမ်ထောင်တစ်ခုကိုသူတို့နှစ်နှစ်ကြာတဲ့အထိ လက်ရှိမှာ ထိန်းသိမ်းနိုင်ခဲ့ပါပြီ ။ ခုဆိုသားကစ​ကားမပီ့တပီပြောတတ်နေပြီ ။

ရန်ဖြစ်ရတဲ့အခါတွေလဲရှိသလို ၊
တစ်ခါတစ်လေ အမြင်မတည့်ကြတဲ့အခါတွေရှိပါတယ် ။ ဒါတွေနဲ့ဘဲနှစ်နှစ်ဆိုတာကျော်ဖြတ်လာခဲ့ပါပြီ ။

ဘရဏီနဲ့ သင်းရနံ့ကယူသွားကြပြီး Australia မှာသွားနေကြပါတယ် ၊ တစ်နှစ်တစ်ခါတော့သားမွေးနေ့တိုင်းမှာအလည်လာကြပါ၏ ။

ခုတလော နိုင်ကဆိုင်သစ်ထပ်ချဲ့မှာမို့ မဟာ့ကိုသီးသန့်အချိန်မပေးမိ ၊ သူနဲ့မဟာရဲ့အချိန်ကအမြဲပင်လွဲနေသည် ။

သူကဆိုင်သစ်ရဲ့ Decoration အတွက်မနက်အစောကြီးသွားသွားကြည့်နေရပြီး သူတစ်နေကုန်ပင်ပန်းလို့အိမ်ပြန်ရောက်တဲ့ထိမဟာကနောက်ကျသည် ။ နေ့တိုင်းပင်ပန်းရတော့သူအမြဲအိပ်ပျော်သွားတာမို့မဟာ့ကိုအဖော်မပြုမိ ။ သားကိုတော့ကြီးမေကဘဲအကုန်ဂရုစိုက်ပေးနိုင်ရှာသည် ။ သားကိုတော့မဟာကနိုးမှဘဲမူကြိုလိုက်ပို့၏ ။ နိုင်ကတော့အပြန်မှာဝင်ကြိုခဲ့တာပင် ။

တစ်အိမ်ထဲနေကြပြီးမဟာနဲ့သူဝေးနေတာနှစ်ပါတ်လောက်ရှိရော့မည် ။ ကိုယ့်အလုပ်နဲ့ကိုယ်သူ့အလုပ်နဲ့သူမို့လို့ ဖုန်းဆက်ဖို့လဲမေ့မေ့လျော့လျော့ ။

ဒီနေ့တော့ဆိုင်သစ်ကိုသိပ်ကြည့်ဖို့မလိုတာမို့သူပိုပိုသာသာအိပ်မိ၏ ။ သားကိုသုံးနှစ်ပြည့်တာနဲ့ အခန်းခွဲထားလိုက်တာမို့ King size မွေ့ယာထဲသူလှိမ့်ချင်သလိုလှိမ့်လို့ရနေလေသည် ။

ဒီနေ့ sunday ၊ သားကိုပါဆိုင်ကိုတစ်ခါထဲခေါ်သွားမည် ။ ဒါမှသူ့သားဘယ်လောက်တောင်ချစ်ဖို့ကောင်းလဲသူတို့သိကြမှာ ။ ခေတ်သစ်ဦးနဲ့လဲချိန်းထားသေးပါသည် ။

သူ့နားထင်ဖျားကိုခပ်နွေးနွေး အထိအတွေ့လာထိတွေ့တာကိုခံစားမိနေရတာမို့မျက်လုံးတို့မပွင့်ပေမယ့် သူနှုတ်ခမ်းစွန်းတို့ကိုတော့အဆုံးထိရောက်အောင်ပြုံးချလိုက်သည် ။

ဒါသူ့ကို​မောင်နမ်းနေတာဘဲ ။ ဟင် morning လို့လဲပြောမသွားဘူး ။ ခပ်ရှပ်ရှပ်ခြေသံကသူနဲ့ဝေးသွားပြီး အခန်းတံခါးပိတ်သံသာကြားလိုက်ရသည် ။ morning တစ်ခွန်းပြောမသွား ။

မဏ္ဍိုင်Where stories live. Discover now