၃၁

19.1K 2K 77
                                    

" ရပ်နေအဲ့တိုင်း မလှုပ်နဲ့ "

အခန်းထောင့်နံရံနားမှာလက်လေးပိုက်လို့ နှုတ်ခမ်းလေးမဲ့ကာမျက်ရည်တွေအိဝိုင်းပြီး ငိုမဲ့မဲ့နဲ့ငြိမ်နေတဲ့ မဏ္ဍိုင့်ကိုကြည့်ပြီး သူအသဲတယားယား ၊ လုံးပြီးနောက်ထွက်နေတဲ့ဖင်ကိုသာခပ်ဆတ်ဆတ်လေးဆော်ချင်သည် ။

ဆော့စရာရှားလို့ company စာရင်းစာရွက်တွေနဲ့ဆော့ရတယ်လို့ ၊ သူ့ဒယ်ဒီသိရင်တော့မျက်နှာကြီးဖြီးပြီးကျေနပ်နေမယ်ဆိုပေမယ့် နိုင်ကတော့မရဘူး ၊ လူဆိုတာနဲ့စည်းနှင့်ကမ်းနှင့် လူ့ကျင့်ဝတ်နဲ့ရှိရမည် ။ ငယ်စဥ်ထဲနားဝင်အောင်ပြောမှရမည် ၊ ကလေးဆိုတာတုတ်ကိုင်တိုင်းကြောက်တာမဟုတ် ၊ တုတ်ကိုသာကြောက်ကောင်းကြောက်နိုင်သည် ၊ လူကိုတော့ကြောက်မည်မဟုတ် ။ နိုင်ကသားကိုတုတ်ကိုင်ပြီးဆုံးမမယ့်ဖခင်မဟုတ် ၊ အပြောနဲ့ဘဲသိမ်းသွင်းမည် ၊ ဒီ့အတွက်မဏ္ဍိုင်ထူးလွင်မှာသွင်ကြည်နိုင်ရဲ့သားမို့လို့ အင်း.. သူ့သားမို့လို့ပိုပြီးသိတတ်ရမယ် နားလည်ရမယ် ၊ ဒါသူ့အတ္တဘဲဖြစ်သည် ။

စာအုပ်တွေတစ်ခုချင်းကောက်လို့ မောင့်အလုပ်စားပွဲပေါ်ထပ်တင်ကာ ကုတင်ပေါ်သူထိုင်ချလိုက်ပြီးမဏ္ဍိုင်ထူးလွင်ကိုကြည့်နေလိုက်သည် ။

" ဖေ့ဆီလာ "

သူလှမ်းခေါ်တော့သားကဖင်လေးနောက်ပစ်လို့ နှုတ်ခမ်းလေးမသိမသာထော်နေပြီး မှုန်ကုပ်ကုပ်နဲ့ လုံးနေအောင်ပြေးချလာသည် ။

ပေါင်ပေါ်ဆွဲတင်ပေးလိုက်တော့ ဝမ်းနည်းသွားတဲ့သားက သူ့ဝမ်းဗိုက်မှာမျက်နှာအပ်လို့ ကျစ်နေအောင်ဖက်ပြီး ရှိုက်သံကလေးထွက်လာ၏ ၊ ဟော ငိုတော့မယ်လို့အချက်ပြတာဒါ ။

မကြာပါဘူး တဟီးဟီးနဲ့မောင်မဏ္ဍိုင်ထူးလွင်တို့ငိုပွဲဆင်နွှဲပါတော့တယ် ၊

" ဖေ ဆိုး အီးဟီး! ဖေ ဆိုး "

အိမ်ပေါ်ထပ်ကိုတဒုန်းဒုန်းပြေးတက်လာတဲ့အသံကြားတာကြောင့် လှေကားရင်းကနေသားငိုသံကိုမဟာကြားတာဖြစ်မည် ။ အလုပ်ကပြန်လာတာကိုဝုန်းဒိုင်းကြဲပြီးတက်လာပြန်ပြီ ။ ထုံးစံအတိုင်းသူ့သားဘာကြောင့်ငိုသလဲသူလဲမသိတာမဟုတ်ဘဲနဲ့ ။ မဟာထူးလွင်တို့သိပ်ကဲကဲပို ။

မဏ္ဍိုင်Where stories live. Discover now