၄၁

15.5K 1.6K 29
                                    

" ဒယ်ဒီ ဒယ်ဒီ ထ ဒယ်ဒီ ထ "

နိုးတာနဲ့ဖအေဖြစ်သူရဲ့ဗိုက်ပေါ်တက်ခွကာခုန်ပေါက်နေတဲ့မှိုလုံးကြောင့် နိုင်တစ်ယောက်ပါနိုးလာရသည် ။

" မှိုလုံး ဒယ်ဒီအိပ်နေတာမနှိုးရဘူးလေ "

" အင့်ဟင့် ပြင်သွားချင်လို့ ထူးပြင်သွားချင်လို့ ဖေရဲ့ အင့်ဟင့်ဟင့် "

စောစောစီးစီး အိပ်ထားလို့မို့နေ​တဲ့မျက်ခွံအိတ်လေးတွေနဲ့မျက်ဝန်းတွေပိတ်ကျအောင်ပင်ငိုနေရှာတဲ့သား​ကြောင့် မဟာထူးလွင်ကပါငုတ်တုတ်ထထိုင်သည်အထိ ။

ငိုနေတာကြောင့် ကြည်တောက်နေတဲ့မျက်နှာလေးကပါရဲတက်လာတာမို့ ခရမ်းချဥ်သီးလေးလို ။

" ဘေဘီ "

သူ့ဒယ်ဒီကထထိုင်လာတော့ အတင်းကိုဝမ်းဗိုက်မှာဖက်တွယ်ပြီးတဟီးဟီးနဲ့ငိုပြန်သည် ။

စောစောစီးစီးငိုတာကိုမကြိုက် ၊ ရိုက်လဲမရိုက်ချင်သလို ရိုက်လဲမရိုက်ရက်ပါ .ဒါတွေကြောင့်များသားကဆိုးနေသလား ။

ငြိမ်ကာထိုင်နေတဲ့နိုင့်ကြောင့်မဟာက လက်ဖဝါးလေးဖျစ်ညှစ်ကာအု​ပ်ကိုင်လိုက်သည် ။

" သားကနေရာစိမ်းဆိုတော့လျှောက်သွားချင်တာလေငယ်ရဲ့ မောင်ချော့လိုက်မယ် သန့်ရှင်းရေးသွားလုပ်တော့ "

ခေါင်းကလေးငြိမ့်လို့သာကုတင်ပေါ်ကနေဆင်းသွားတာကြောင့်စိတ်တော့မကောင်းလှ ။ နိုင်ကမနေ့ကအကြောင်းတွေခေါင်းထဲရှိနေတုန်းဘဲ ။

သားကိုရင်ခွင်ထဲကဆွဲထုတ်တော့ တအင့်အင့်ရှိုက်ကာပါလာသည် ။

" မငိုရဘူးလေ ဘေဘီ "

" အင့်! ထူးပြင်သွားချင်လို့ "

" အပြင်သွားချင်တာဒယ်ဒီလိုက်ပို့မှာပေါ့ မငိုနဲ့ "

ခေါင်းကလေးခပ်ဆတ်ဆတ်ငြိမ့်တော့ သားကိုချီကာနိုင့်နောက်လိုက်ရသည် ။ ကိုဗိုက်ကခုတလောစိတ်ထိခိုက်လွယ်နေတာမို့ စိတ်ပြေလက်ပျောက်တစ်နေရာကိုခေါ်သွားရချေမည် ။

" ငယ် "

" ဟင် "

သွားတိုက်တံပါးစပ်မှာထိုးထားရင်းဖြင့်လှည့်မေးလာတဲ့နိုင်က နိုးနိုးချင်းမို့ထင် သိပ်ကိုလှပါသည် ။ ဝဲပျံကျနေတဲ့ဆံနွယ်တွေရယ် အနည်းငယ်ဖောင်းနဲ့ဗိုက်လေးရယ် တစ်ကယ်ကိုလှသည် ။

မဏ္ဍိုင်Where stories live. Discover now