အပိုင်း ၉

28K 2.9K 78
                                    

" အသေးလေး လိမ္မော်ဖျော်ရည်လေး "

" ရတယ် မလိုဘူး "

ခပ်တန်းတန်းဘဲပြန်ပြောလာတဲ့ ကောင်လေးကြောင့်စိုင်းလူကအိုးတို့အမ်းတမ်း ။
ဒီကောင်လေးကဘာလဲဟ ။ ဘာမို့လို့သူ့ကိုလာချေနေရတာလဲ ။

" ဒီမှာ စေတနာနဲ့ဖျော်လာပေးတာ မတူသလိုမတန်သလိုတော့လာမလုပ်နဲ့ အားယားနေတဲ့ကောင်မဟုတ်ဘူး "

သူပြန်ပြောတော့ခေတ်သစ်ဦးကမျက်မှောင်ကျုံ့လို့ သူ့ကိုမျက်စောင်းထိုးကာကြည့်လေသည် ။
ဒီကောင်လေးတော့ ကိုင်ပေါက်ရရင်တစ်ကိုင်စာတောင်မရှိဘဲနဲ့ အချိုးကမပြေဘူး ၊ သူဌေးသားဆိုတိုင်းမာနခေါင်ခိုက်နေတော့တာဘဲ ။

အပေါ်ထပ်ကဆင်းလာလာချင်းရန်ပွဲနဲ့တိုးတော့သွင်ကြည်နိုင်ကအပြေးအလွှားနှင့် ။

သူခေတ်သစ်ဦးအကြောင်းကိုသိတယ် ။
ကိုစိုင်းလူကတော့သည်းခံမှာမဟုတ်ပေဘူး ။
ခေတ်သစ်ဦးကလူကောင်ထွားထွားသန်သန်မာမာတွေဆိုကြောက်တဲ့ကောင် ၊ ရုပ်ကသာမကြောက်တဲ့ပုံနဲ့ဖြဲတဲ့ရုပ်ပေါက်မယ် ၊ ဒါသူ့ cover ဘဲဆိုတော့လဲ နိုင်ကသိနေသည်လေ ။

" ဧည့်ခန်းထဲမှာတော့ရန်မဖြစ်ကြပါနဲ့ "

သူပြောတော့မှခေတ်သစ်ဦးကဝမ်းသာအားရနှင့်သူ့ဆီထကာလှမ်းလာ၏ ၊ ဖင်တောင်မငြိမ်ဘဲတန်းထလာတယ်ဆိုထဲကဘယ်လောက်ကြောက်နေလဲဆိုတာသိသိသာသာ ။

" ကိုစိုင်းလူ စိတ်မရှိပါနဲ့ ကျွန်တော့်သူငယ်ချင်းကဒီလိုဘဲမို့လို့ပါ "

" ရပါတယ် ကျွန်တော်ကသဘောထားပြည့်ဝပြီးသားပါ "

" အောင်မာ ဘယ်ကောင်ကများသဘောထားမပြည့်ဝဘဲနေလို့တုန်း "

သူရောက်လာမှထစွာတဲ့ခေတ်သစ်ဦးကြောင့်သွင်ကြည်နိုင်ကခေါင်းနပန်းတွေကိုကြီးလို့ ။ ဒုက္ခပါဘဲခေတ်သစ်ဦးရယ် ။

" အဲ့တာတော့ကိုယ်အကြောင်းကိုယ်ပိုသိတာပေါ့ "

" ခင်ဗျား! "

ကိုစိုင်းလူကတော့ ထထွက်သွားချေပြီ ။
ဒီခေတ်သစ်ဦးဆိုတဲ့အကောင်ကတော့ အားကိုးရှိမှမိုက်ရဲတယ် ၊

မဏ္ဍိုင်Where stories live. Discover now