အပိုင်း ၂၂ ⚠

25K 2.1K 32
                                    

ရင်ခွင်ထဲဝင်ခွေလို့မဟာ့ရင်ဘတ်ကြီးကိုပွတ်သပ်နေရာကနေသတိတရနဲ့မေးဖျားကိုမော့နမ်းပြန်တော့ မဟာကငုံ့မိုးကြည့်သည် ။

" ကြောက်နေသေးလား "

" ဟင့်အင်း! ဒါပေမယ့်. "

" ရှူး! မကြောက်တော့ဘူးဆိုရင်ရပြီ
မောင်စိတ်ညစ်အောင်ငါမလုပ်ပါဘူး "

နိုင်ပြောတော့မဟာကပြုံးလေသည် ။

" သားကတီတီဆင့်အိမ်မှာအိပ်ဖို့ပါသွားတာငယ် "

" ဟင် သားကို အိပ်ဖို့ထိမင်းထည့်လိုက်စရာလားမောင်ရ! "

သားကိုထည့်လိုက်ကြောင်းပြောတော့နိုင်ကမဟာ့ဆီကိုမျက်စောင်းလေးဒိုင်းခနဲပို့လွှတ်လေသည် ။ နိုင့်အကြည့်လေးကြောင့်မဟာကခပ်ဟဟရယ်လေသည် ၊ အဲ့ဒီ့နောက်တော့ သူကနိုင့်ဆံနွယ်တွေထဲလက်ထိုးဖွလို့ နားသယ်စပ်လေးကိုပွတ်သပ်ပေး​လေ၏ ။

" မဟုတ်ဘူး မာမီခေါ်သွားတာ တီတီဆင့်ယောင်းမမွေးနေ့တဲ့ဆိုလို့ မာမီကညအိပ်ကူမယ်တဲ့ ဖေကြီးပါပါသွားတယ် "

" ဒါဆိုမောင်နဲ့ငါညစာဘယ်လိုစားကြမလဲ "

" အွန်! မောင့်ကိုစားပေါ့ "

ဒီကောင်ဒီကောင် စကားလမ်းကြောင်းယူနေပြီ ။
မရဘူးနော် သူမနက်ကတော်တော်ကြီးကိုကိုက်ခဲနေတာ ။

" ငါ ညစာသွားချက်ဦးမယ် လွှတ် "

နားဖျားတွေနီရဲလို့ရုန်းနေတဲ့သူ့ကို မဟာကတစ်ဟားဟားပင်ရယ်လို့အတင်းဖမ်းချုပ်ထားလေသည် ။

" မဟာ မညစ်ပတ်နဲ့ ဖယ်စမ်း "

ရင်ခွင်ထဲကရုန်းကန်နေတဲ့သူ့ကိုပုခုံးကဖိလို့အိပ်ယာပေါ် ကန့်လန့်ဖြတ်လှဲချတော့ မျက်လုံးဝိုင်းလေးနဲ့နိုင်ကသူ့အောက်မှာအူကြောင်ကြောင်လေး ။

" ဟင့်အင်းနော် ငါနာနေတုန်း "

" မောင်ငြင်သာမယ် မနာစေရဘူး "

အေးပေါ့ မင်းပြောတိုင်းယုံရအောင်ငါကငါးနှစ်သားလေးဆိုတော့ ၊ မရဘူးနော် လုံးဝဘဲ

" ဟင့်အင်း မရဘူး မရဘူး "

ခေါင်းကိုသာတွင်တွင်ခါယမ်းလို့သူအကြောက်အကန်ကိုငြင်းနေမိတယ် ၊ မဟာထူးလွင်ကိုအလိုမလိုက်တော့ဘူး ။

မဏ္ဍိုင်Where stories live. Discover now