အပိုင်း ၅

31.6K 3.4K 162
                                    

Unicode

သူဒီအခန်းကြီးထဲထပ်ရောက်လာပြန်ပြီ ။

ဇက်လေးပုလို့စိတ်ပျက်နေတဲ့ပုံနဲ့သားကိုပွေ့ထားရင်းသူငြိမ်နေမိတယ် ၊ သူ့ပုံစံကနဲနဲ ။

မဟုတ်သေးဘူး တော်တော်ကြီးရယ်ချင်စရာကောင်းမယ်။

ဒီညနေခင်းမှာတစ်ကယ်ဆိုသူ့ကွန်ဒိုအောက်ကပန်းခြံထဲသားနဲ့လမ်းလျှောက်ထွက်နေရမယ့်ဟာကို ခုကျဒီငြီးငွေ့ဖွယ်အခန်းကြီးထဲရောက်လာရတယ် ။

ဒါတော်တော်ကိုစိတ်ကုန်ဖို့ကောင်းတာဘဲ ။

ဘာနေနေသားကိုတော့ပုံမှန်အတိုင်းညနေခင်းလေကောင်းလေသန့်ပေးရှူရမှာဘဲ​ဖြစ်သည် ။

သားကိုချီလျက်တံခါးကိုသွားလို့ဖွင့်တော့ ကိုစိုင်းလူမျက်နှာကြီးကဘွားခနဲ ။

" ဘုရားရေ! အာ ကိုစိုင်းလူ ဘယ့်နှယ့်ကြောင့် "

" ကန်တော့ ကန်တော့အကိုလေး ဘာလိုချင်လို့လဲ "

မျက်နှာကြီးနောက်ဆုတ်ပေးလို့မေးလာတော့ နိုင်ကမေးမယ့်ဟာတောင်အစောပိုင်းကပျောက်သွားသလိုဘဲ ။

အာ တစ်ကယ်ပါဘဲ ဒီဆရာနဲ့တပည့်နဲ့ ဘာကြောင့်သူ့ကိုဒုက္ခပေးရတာချင်းတူနေရတာလဲ ။

" သားကညနေဆိုလေကောင်းလေသန့်ရှူနေကျလို့ခင်ဗျားဆရာကိုသွားပြောပေးပါ "

နိုင်ပြောတော့ ကိုစိုင်းလူကခေါင်းလေးဆတ်ဆတ်ငြိမ့်လို့တံခါးပြန်စေ့ပြီးပြေးသွားတယ် ၊
စိတ်ချလို့တော့မဟုတ်ဘူး တစ်ခြံလုံးကိုမဟာ့အစောင့်တွေနဲ့ပြည့်နေပြီမို့လို့ဘဲ ။

ချက်ချင်းခြေလှမ်းကျဲကြီးတွေနဲ့ပြန်ရောက်လာတော့ နိုင်ကအံ့သြမိသား ဒီလူ​တော်တော်မြန် ။

" 'ကလေးကိုစိတ်မချဘူးလို့ပြန်ပြောလိုက်' လို့ပြောပါတယ်အကိုလေး "

တစ်လုံးချင်းဆီဆန်တစ်စေ့ကောက်ရာမကျန်အောင်ပြောလာတဲ့ကိုစိုင်းလူစကားကြောင့်နိုင်ကဒေါသတကြီး ။

" သားကိုစိတ်မချရအောင် ခြံထဲမှာဘယ်ကောင်မတွေထည့်ထားလို့လဲ လို့ပြန်မေးလိုက်ကိုစိုင်းလူ "

မဏ္ဍိုင်Where stories live. Discover now