၃၈

16.4K 1.9K 73
                                    

ညကအိမ်ပြန်ရောက်ကာမှ Company ကအရေးကြီးကိစ္စပေါ်လာတယ်ဆိုလို့ မဟာထူးလွင်တို့မျက်နှာမှုန်ကုပ်ကုပ်နဲ့ထွက်သွားသေးသည် ။ နိုင်ကအိပ်ပျော်သွားတာမို့မဟာထူးလွင်တစ်ယောက်ဘယ်အချိန်ပြန်လာလဲမသိလိုက်ပါချေ ။

အခုလဲအစောကြီးထထွက်သွားပြန်တာလားမသိ ၊ အိပ်ယာထဲလူးလိမ့်နေမိတာတစ်ဖက်ခြမ်းကအေးစက်နေဆဲဘဲ ၊ စိတ်ကအနည်းငယ်တော့အလိုမ​ကျဖြစ်မိသား ၊ ဒါပေမယ့်မောင်ကအလုပ်နဲ့အကိုင်နဲ့မို့လား ။

အိပ်ယာထကာသန့်ရှင်းရေးလုပ်လို့သားကိုသွားနှိုးရသည် ။ အိပ်နေတာများပုစွန်ထုပ်လေးလိုကွေးကွေးလေးနဲ့ ဖင်ကိုဖြတ်တီးပစ်ချင်စရာ ။

ဖင်လုံးလေးအားညှစ်လို့ပါးအားငုံ့နမ်းတော့ တအင့်အင့်နဲ့ညည်းသည် ။ ရွှတ်ခနဲဖိမွှေးလိုက်တော့ ဖအေမျက်နှာအားလက်ဖနှောင့်နဲ့တွန်းလာ၏ ။

" ဟင့်! ဖေ့! "

" ထ​တော့လေ ဖေ့သားရဲ့ ဒယ်ဒီ့မွေးနေ့ကိတ်လုပ်မယ်ဆို "

" အင့်! လုပ်မာ "

အိပ်ချင်မူးတူးနဲ့ဖင်လေးထောင်ကာငုတ်တုတ်ထထိုင်လာပြီးနိုင့်ပေါင်ပေါ်ကိုတက်ခွကာရင်ခွင်ထဲမျက်နှာအပ်ထားသည် ။

" မှိုလုံး ဖေမျက်နှာသစ်ပေးရမှာလား "

" အင့်! ဖေသစ်ပေး "

ဝူးဝူးဝါးဝါးနဲ့ရင်ဘတ်ကိုမျက်နှာအပ်ထားရင်းပြောတော့နိုင်ကရီမိသည် ။

" ဖေချီမယ်ဗျာ "

တင်ကနေပင့်ချီတော့ သားကလ​ည်တိုင်ကြားမျက်နှာအပ်လျက်​မှောက်လာသည် ။ တအီအီညည်းနေတဲ့အပျင်းထူကိုသာရေချိုးခန်းထဲဆွဲသွင်းလို့မျက်နှာသစ်ဘာညာလုပ်ပေးရတော့၏ ။

ဒီနေ့သားကသူ့ဖအေအတွက်မုန့်ကူလုပ်ပါမယ်တဲ့လေ ။

သားအဖနှစ်ယောက်အဝတ်အစားလဲလို့ ကော်ဖီဆိုင်ဘက်ကိုခြေဦးတည့်ရသည် ။ မစုနဲ့ကိုဇေယျာတို့ကိုဒီနေ့ဆိုင်နားဖို့သွားပြောရမည်လေ ။ နောက်ပြီးကိတ်ဖုတ်ဖို့လိုအပ်တာတွေလဲဆိုင်ကယူရမည် ။

မောင်ဝယ်ပေးထားတဲ့ကားနဲ့ဘဲ သားကloverseat မှာငြိမ်ငြိမ်လေး လုံးဝကိုမလှုပ်ရှာ ။ မျက်လုံးတွေကတော့တောင်ကြည့်မြောက်ကြည့် ။

မဏ္ဍိုင်Where stories live. Discover now