၃၂

17.4K 1.7K 21
                                    

သူဆေးရုံဝန်းထဲခြေချလိုက်တာနဲ့ မှတ်မှတ်ရရအဲ့ဒီ့နေ့ကိုပြန်တွေးမိတယ် ။ ထားပါတော့ ပြီးခဲ့ပြီဘဲကို သူဘာတွေဂရုစိုက်စရာလိုလဲ ၊ ဘာကြောင့်မို့သူဒါကိုတိုက်ဆိုင်တိုင်းခံစားနေရမှာလဲ ။

အဲ့ဒီ့နေ့ကမိုးရေထဲမှာဖြစ်လိမ့်မယ် ၊
သားရဲ့ကိုယ်ဝန်လေးပတ် ၊

စဥ်းစားကြည့်လေမိဘအိမ်ကနေ ဘာတစ်ခုမှဆွဲမယူလာဘဲ ရင်ခွင်ကိုစုံကန်လို့ထွက်လာတဲ့ကောင်က မဟာထူးလွင်ရဲ့အထောက်အပံ့မရှိရင်ဘယ်လိုရပ်တည်ရပါမလဲ ။

အမှန်ဘဲ ၊ ခေတ်သစ်ဦးနဲ့သူ့ရဲ့ဒယ်ဒီကြောင့်သူဆက်ရပ်တည်နိုင်ခဲ့တယ် ၊ ဒီဆေးရုံမှာဘဲ ခေတ်သစ်ဦးကသူ့ရဲ့ privacy အတွက်အကုန်ပြည်ဖုံးကားချပေးတယ် ။ ထွက်ပြေးခဲ့တယ်ဆိုတိုင်းလဲအကုန်လုံးလွှတ်ချခဲ့တာမှမဟုတ်ဘဲ ။ လွှတ်ချခဲ့ရလောက်အောင်အထိ သူသည် ခံစားချက်နုနယ်တဲ့ကောင်မဟုတ်ပါ ။

သူကဘယ်သူမို့လို့လဲ အတ္တတွေထုံလွှမ်းနေတဲ့သွင်ကြည်နိုင်ဆိုတဲ့ကောင်လေ ၊ အဲ့လောက်ပျော့ညံ့ပြီးချက်ချင်းပျောက်ကွယ်သွားမယ့် ဖြစ်တည်မှုလို့များထင်နေတာလား ။ အင်း.. ပြောရရင်သူအကုန်သိနေခဲ့တာဘဲ ၊ သူ့အားထုတ်မှုကြောင့်ဆိုတာထက်ခေတ်သစ်ဦးရဲ့အကူအညီတွေများစွာပါပါသည် ။

အဲ့ဒီ့နေ့က ခပ်ဖောင်းဖောင်းဗိုက်ကိုကြည့်လို့မိုးနှောင်းကမထီပြုံးပြုံးတယ် ၊ ထွက်သွားတဲ့ မောင့်အနားကနေသူ့ကိုပျောက်ကွယ်ခိုင်းခဲ့တာ ၊
နောက်တော့ခေတ်သစ်ဦးရဲ့ဒယ်ဒီကစီးပွားရေးလုပ်ငန်းရှင်ပီပီ သူကြားသမျှနိုင့်ကိုပြန်ပြောတယ် ။ ဒီလိုနဲ့ဘဲစိတ်ကိုတစ်ထစ်လျှော့ချခဲ့ပါတယ်ပေါ့ ။ မောင့်အခက်အခဲကိုသူမြင်ခဲ့ပေမယ့် မောင့်ကိုတော့သူစိတ်ဆိုးပါသည် ၊ သူ့လောင်းရိပ်အောက်မှာဘဲပုန်းတဲ့ကောင်ကိုသူတွေ့အောင်မရှာနိုင်ဘူးလေ ၊ တစ်ကယ်လို့ သူ့မာနနဲ့သာဆို မဟာထူးလွင်သူ့ကိုစိတ်ဆိုးလို့ဆိုးမှန်းမသိ ရှာလို့လဲတွေ့မှာမဟုတ်ပါ ၊ ခေတ်သစ်ဦးရဲ့ဇယားကပ်မှုတွေကြောင့်သာဖြစ်သည် ။

ထားပါတော့ ၊
သားလက်ကိုဆွဲလို့ဆေးရုံဝန်းထဲတစ်လှမ်းချင်းလှမ်းလာလိုက်သည် ။ မဟာထူးလွင်company သွားတာနဲ့သူတို့သားအဖထွက်လာတာ ကြီးမေကိုတော့နှုတ်ပိတ်ခဲ့ရ​သေးသည် ။ တော်ကြာသူစီစဥ်သမျှအကုန်ပျက်စီးကုန်လိမ့်မည် ။

မဏ္ဍိုင်Where stories live. Discover now