အပိုင်း၁ introl

88.1K 4.7K 127
                                    

Unicode

မဟာ သူ့လက်ထဲကနီတာရဲပေါက်စလေးကိုကြည့်လို့အံ့သြတုန်လှုပ်ခြင်းကြီးစွာ ။

ဒါ..။ ဒါ သူ့ကလေးတဲ့ ။

တအဲ့အဲ့နဲ့ လက်မလေးစုပ်လိုက် ခြေမလေးကိုင်လိုက်နဲ့ လက်ထဲကအနီတာရဲပေါက်လေးက ဘယ်လောက်ချစ်ဖို့ကောင်းလဲ ၊ သူနဲ့တူတဲ့မျက်ဝန်းညိုလေးတွေလဲရှိသေးတယ် ။
နောက်ပြီးနိုင်နဲ့တူတဲ့ နှာတံကလေးနဲ့ခပ်ဖူးဖူးနှုတ်ခမ်းလေး ။

သူမျက်ရည်တွေဝဲလာတယ်လို့တောင်ထင်ရတယ် ။ ဒုက္ခပါဘဲ ။ တစ်ကယ်ကိုငိုချင်လာတာမျိုးဘဲ ။

" ငါနဲ့ငါ့သားကိုပြန်လွှတ်ပေးမဟာ "

ဒေါသတို့စွက်တဲ့အသံစူးစူးကိုကြားမှ မဟာခေါင်းလေးလည်လို့ သူနိုင့်ဘက်ကိုကြည့်မိတာဖြစ်သည် ။

" မောင့်သားကောမဟုတ်ဘူးလား နိုင် "

" မင်းဘာစောက်စကားတွေပြောနေတာလဲ ငါမသိဘူး "

နိုင်ကစိုင်းလူရဲ့ချုပ်ထားခြင်းကိုခံထားရတာဖြစ်ပြီး ဒေါသကတော့မသေးလှဘူး ။

" ထွက်ပြေးလို့မဝသေးဘူးလား နိုင် "

သူကကလေးလေးကိုမွေ့ယာပေါ်ကကလေးအခင်းပေါ်အသာအယာချလို့နိုင့်ကိုကြည့်ပြီးမေးမိတယ် ၊ သူမှားခဲ့တာတွေသူသိတယ် ၊ ဒါကြောင့်လဲဒီနှစ်တွေမှာပေးဆပ်ခဲ့တာဘဲကို ၊ ဘာကြောင့်များ နိုင်ကမာနတွေကြီးနေရတာလဲ ။

" အဲ.. အဲ... "

နိုင်ကုတင်ပေါ်ကငိုလာတဲ့သားကိုကြည့်လို့ကိုစိုင်းလူလက်ထဲကရုန်းတယ် ။

" ကိုစိုင်းလူကျွန်တော့်ကိုလွှတ်ပေး "

သူကပြောတော့ကိုစိုင်းလူကလဲမဟာ့ကိုပြန်ကြည့်တယ် ၊ မဟာကခေါင်းတစ်ချက်ငြိမ့်ပြလို့လွှတ်ပေးစေပြီးထွက်သွားဖို့အချက်ပြလေသည် ။

သားကခုမှတစ်လကျော်ဘဲရှိသေးတာ ။
ပြောရရင်ချက်တောင်မကြွေသေးဘူး ၊
ဆေးရုံဆင်းပြီးသိပ်မကြာဘူး stalk လုပ်ခံရလို့သူ့မှာပြေးရတာအမော ဒါတောင်ခုမိသွားခဲ့ပြီ ။ ၈ လလောက်သူပုန်းခဲ့ပြီးကာမှ ဒီလိုကြီးမိသွားတာကမလွယ်ဘူး ။ တစ်ကယ်ကိုဒေါသထွက်စရာ ။

မဏ္ဍိုင်Where stories live. Discover now