အပိုင်း ၁၇

23.9K 2.5K 52
                                    

Unicode

" မောင်သားကိုသွားခေါ်တော့ "

ဆွယ်တာအသားရောင်လေးကိုဝတ်ထားလို့ အသီးပန်းကန်လေးပိုက်ကာယခင်နှင့်မတူပါးလေးများဖောင်းလို့မြုံ့နေတဲ့နိုင်ကလှမ်းပြောတော့ ခုထိ bathrobe နှင့်ကွန်ပြူတာကိုပေါင်ပေါ်တင်ကာလက်ချောင်းများတစ်တောက်တောက်ဖြတ်ပြေးနေတဲ့မဟာကလှမ်းငဲ့ကြည့်လေတယ် ။

" အင်း ခေါ်စရာမလိုတော့ဘူးငယ် ခုပြန်လာနေပြီလို့ဘရဏီဖုန်းဆက်တယ် "

မဟာကပြောတော့နိုင်ကချက်ချင်းပင်ခေါင်းလေးပြန်လှည့်သွားတာ ဝရန်တာမှန်တံခါးကိုဖြတ်လို့ငေးနေလိုက်တော့သည် ။

တစ်ကယ်ဆိုမနေ့ကနားပြီးပြီကိုဒီနေ့အပြည့်အဝပျော်နေရမှာ ၊ ခုတော့မဟာ့ကြောင့် သူ့မှာဘောင်းဘီတိုလဲဝတ်မရ ၊ summer shirt လဲဝတ်မရနဲ့ ငုတ်တုတ်လေးထိုင်နေရသည် ။

စိတ်ပေါက်ပေါက်နဲ့စတော်ဘယ်ရီသီးတစ်လုံးကိုခရင်းဖြင့်ဆောင့်ထိုးချလိုက်ပြီးပါးစပ်ထဲသွပ်ချလိုက်​တော့သည် ။ သူကိုကလိုလိုချင်ချင်ဖြစ်နေတာကိုး ခုမှတော့ဘာတတ်နိုင်မှာတုန်း ။

Ting"

ဟော သားလာပြီ ။

ပန်းကန်ကိုဘေးကခုန်ပေါ်ကမမ်းကတမ်းပြေးတင်လို့နိုင့်ခမျာတံခါးဝကိုခပ်သုတ်သုတ်သွားရသည် ။

" ကြည်နိုင် "

" အင်း ကျေးဇူးဘရဏီ ၊ သားကနေရဲ့လား "

သူ့ကိုမြင်တာနဲ့တခတ်ခတ်ပင်ရယ်လို့ ဝမ်းသားသွားတဲ့သားကြောင့် နိုင်ကဟက်ခနဲပင်ရယ်မိသွားသည် ။

" နေပါတယ် ၊ ငြိမ်တယ်ကလေးက "

" အင်း ကျေးဇူးဘဲနော် လာ ဖေ့သား "

သားကိုလက်ပြောင်းယူချီတော့သားကသူ့လည်တိုင်တွေကြားအတင်းတိုးဝှေ့လို့ သူ့ကိုကျစ်နေအောင်ဖက်ထားလေတော့သည် ။ ကြည့်ရတာသူ့ကိုမြင်လိုက်တော့ ဘရဏီတို့နဲ့ထပ်ထည့်ပေးလိုက်မှာဆိုးနေသလိုပင် ။

မဟာက ရင်ဘတ်ဟောင်းလောင်းဖြင့် နိုင့်အနောက်တွင်လာရပ်ကာတစ်ဖက်ကခါးကိုဖက်လို့ တစ်ဖက်ကတံခါးဘောင်ကိုတံတောင်ထောက်ကာမှီလိုက်တော့ နိုင်ကလှည့်ကာကြည့်လေတယ် ။

မဏ္ဍိုင်حيث تعيش القصص. اكتشف الآن