၃၃⚠

20.8K 1.7K 23
                                    

This part is included rated sence !
If you are under 18, this is not for you.

ဒီနေ့ညနေမှာနိုင်တစ်ယောက်ပြာယာခတ်လို့နေသည် ၊ ကြီးမေတောင်အနားမနေရဘဲသူ့အနားကပ်ကာကူနေရပါသည် ။ သားကတော့ဧည့်ခန်းဆိုဖာပေါ်မှာငုတ်တုတ်ကလေးရှိနေပါလိမ့်မည် ။ မဟာကတော့အလုပ်ကိုအစောကြီးထဲကသွားတာပင်ဖြစ်သည် ။ အခုချိန်ထိတော့ပြန်မလာသေး ။

မီးဖိုခန်းကိုစိတ်ကြိုက်မွှေနေပြီး အမဲသားsteak နှင့်တစ်ခြားသောစားဖွယ်ရာဟာစားပွဲအပြည့်ပင် ။

" ရပြီကြီးမေ မေမေကားလွှတ်ပြီထင်တယ် သားနဲ့ဒီနေ့တစ်ရက်လိုက်သွားပေး​နော် "

အင်း.. ဒီနေ့ ဒီနေ့မောင်နဲ့သူရဲ့လေးနှစ်ပြည့်နှစ်ပတ်လည်နေ့ ။

သားကိုဆိုဖာကနေဆွေ့ခနဲကောက်ချီလို့ ပါးဖောင်းကြီးအားနင့်နေအောင်မွှေးတော့ သားကမျက်ဝန်းလေးမှိတ်ကာငြိမ်နေရှာသည် ။

" ဖွားဖွားနဲ့ဒီနေ့တစ်ရက်အသီးတွေအများကြီးစားခဲ့ချည်နော် ​မနက်ဖြန်နေ့လည်ကျဖေဖေလာခေါ်မယ် "

" ဟုတ်တဲ့ ဖေ "

အိမ်ဆင်ဝင်ရှေ့ထိုးရပ်လာတဲ့ ကားပေါ်ကိုကြီးမေနဲ့အတူသားကိုတင်ပေးလိုက်တော့၏ ။ ကြီးမေကိုကအားနာလို့ သားကတော့ကလေးမို့ရှိမနေသင့်ပါ ။

ရေချိုးခန်းတွင်းဝင်လို့သူ့ကိုယ်သူပွတ်သပ်ဆေးကြောမိသည် ။ အတွင်းအပြင်အဆင်သင့်ပါပြင်ထားလိုက်၏ ။

Bathrobe နှင့် သာသူဝရန်တာမှာစားပွဲသေချာပြင်လို့ ချက်ခဲ့သမျှကိုပြင်ထားလိုက်၏ ။ နာရီကြည့်တော့ ၆နာရီ ၊ ခဏနေမောင်ရောက်တော့မယ် ။

အဖြူရောင်လည်ပိတ်လက်ရှည်နှင့် ပေါင်လည်လောက်သာရှိတဲ့ short pant ခပ်တိုတိုကိုဝတ်ထားလိုက်ပြီး သူ့ဆံနွယ်ခပ်ပျော့ပျော့တွေကိုညွတ်နေအောင်ပုံသွင်းလိုက်သည် ။ ဘာမှမလိမ်းထားတဲ့သူ့မျက်နှာဟာပကတိကြည်လင်ဝင်းပလို့ ။

အောက်နှုတ်ခမ်းအားရဲစိုသွားအောင်တစ်ချက်ဖိကိုက်လိုက်ပြီး လည်တိုင်သွယ်အားမြင်သာထင်သာရှိအောင် စုံချည်ဆန်ချည်ပွတ်သပ်ချလိုက်သည် ။

မဏ္ဍိုင်Where stories live. Discover now