အပိုင်း ၂၇

18.6K 2K 23
                                    

ဒီရက်ပိုင်းဒယ်ဒီကအိမ်ကိုခဏခဏလာသည် ။ ပြီးရင်သားကိုခေါ်သွားပြီး မေမေနဲ့ဖေဖေ့ဆီသွားလေ့ရှိ၏ ။ လူကြီးတွေဆိုတော့လူကြီးအချင်းချင်းပွဲကျတတ်တာမျိုးရှိတာမို့ သားကတော့သူတို့စကားဝိုင်းကဆည်းလည်းလေးဖြစ်ပါလိမ့်မယ် ။ တစ်နှစ်အရွယ်သားမို့လို့ ဖေနဲ့ဒယ်ဒီသာခေါ်တတ်ပေးပြီး မတ်တပ်ကလေးတော့အနည်းငယ်ရပ်တတ်နေပေပြီ ။ စကားကတော့သူစိတ်မကြည်ရင်ဝူးဝူးဝါးဝါးပြောတုန်း ။ နောက်တစ်ခုကတော့တအားကိုဆိုးလာတဲ့အဆိုးအဆာလေး ။

ဒီနေ့ကသားမွေးနေ့ပေမယ့် သားကိုမနက်အစောကြီးဒယ်ဒီက​လာခေါ်သွားပြန်သည် ။ မွေးနေ့လက်ဆောင်ကိုသားလက်ညှိုးထိုးရာဝယ်ပေးမယ်ထင်ပါတယ် ။ မောင်နဲ့ဒယ်ဒီကတော့စကားကိုဟုတ်တိပတ်တိမပြောကြသေးပါ ။ အင်း သားအဖတွေဝေးကွာခဲ့တာဘဲ မောင့်တစ်သက်မဟုတ်လားလို့ ။ မမိုးနှောင်းနဲ့ကွာရှင်းခဲ့ပြီး ဒယ်ဒီကတော်တော်ကို​ငြိမ်အေးလာသည် ။ သူ့ပိုင်ဆိုင်မှုအလုံးစုံကိုဘရဏီ့ဆီကိုလွှဲအပ်လိုက်ပြီဖြစ်၏ ။ ဘယ်သူ့ဆီရောက်ရောက်ပါ အဓိက က မောင့်အပေါ်မှာသူ့အမြင်တွေ ထပ်ပြီးမဆိုးဝါးတော့ဖို့ဘဲလေ ။

မနက်စောစောစီးစီးပြင်စရာရှိတာထပြင်တော့ မဟာကညအိပ်ဝတ်ထားတဲ့ပုဆိုးကိုလုံးနေအောင်ခပ်တုတ်တုတ်ဝတ်ပြီး တီရှပ်အဖြူခပ်ပွပွနဲ့ အလုပ်သမားလိုဘဲတကုတ်ကုတ်လုပ်နေရှာသည် ။ နိုင်ကလဲ မစုလာပို့သွားတဲ့ဆိုင်က အချိုပွဲအတွက်ကိတ်တွေကို သေသေချာချာလှတပတလေးလှီးနေလေသည် ။ သားအတွက်ကိတ်ကတော့မနေ့ကသူတစ်နေကုန်ပင်ပန်းထားရကျိုးနပ်စွာ ရေခဲသေတ္တာထဲမှာရှိနေပါသည် ။

အတော်အတန်ကြီးအလုပ်တွေပြီးတော့ သူတို့နှစ်ယောက်ရေချိုးဖို့ရာ အခန်းထဲပြန်တက်လာရ၏ ။
အပေါ်ပိုင်းဗလာနဲ့ပုဆိုးကိုလုံးဝတ်ထားတဲ့မဟာ့ကိုကြည့်လို့နိုင်ခွိခနဲပင်ရယ်မိ၏ ။

" မောင် တောသား "

" အဲ့ဒီ့တောသားကိုကော ငယ်ကမချစ်ဘူးလားလို့ "

" မချစ်ပါဘူး "

သူပြောတော့မဟာကမျက်ခုံးတို့တွန့်ချိုးလို့ နိုင့်ကိုခါးကနေဆွဲကာ ရေဗန်းအောက်ဆွဲသွင်းလို့ခလုတ်ကိုနှိပ်ချလိုက်လေသည် ။

မဏ္ဍိုင်Where stories live. Discover now