ယန်ယိုမင့်အပြောမှာ မှန်ကန်သည်တစ်ခုရှိပါ၏၊ သို့သော် ရှရှင်းချန် သူ့ကို ဝန်ခံမည်မဟုတ်ပါ၊ ဤသည်မှာ ဖန်းကျန်းယွမ်နှင့် ယွီဟိုင်ယန်တို့၏ စိတ်ကျေနပ်ခြင်းမရှိနိုင်ခဲ့ပါသော ဇာတ်သိမ်းကြောင့်မည် သူ့အား ယန်ယိုမင့်ကို ပို့လို့စွဲလမ်းစေပါသည်တဲ့။ သူက ဖန်းကျန်းယွမ်မဟုတ်ဘူးဆိုတာ သူ သေသေချာချာ သိပါ၏၊ သို့သော် ထို အရိပ်ပမာအချစ်ကမ္ဘာထဲဝယ် သူတစ်ယောက် ခံစားခဲ့ရသော စိတ်နှလုံးမှာ ဒဏ်ရာဒဏ်ချက်ကား ပြင်းထန်လှသည်။ ယန်ယိုမင်က ယွီဟိုင်ယန်မဟုတ်ဘူးဆိုတာလည်း သူ သိသည်၊ ဒီလူက ယွီဟိုင်ဟန်မဟုတ်တာကြောင့်ပင် သူ ယန်ယိုမင်ဆိုတဲ့ ဒီလူသားကို သူ့၏အချစ်အကျဥ်းတိုက်ထဲ ပိတ်လှောင်ထားလိုစိတ်တို့ ဖြစ်ပေါ်လာခြင်းပေ၊ ဤသို့နှယ် အချစ်အကျဥ်းတိုက်ဝယ် မွေ့ပျော်စေလျက် သူ၏ချစ်မေတ္တာတို့ဖြင့် ယန်ယိုမင်အား နှစ်သိမ့်မှုတို့ ပေးအပ်နိုင်မည်။

အဲ့ဒီ့ ထင်ယောင်ထင်မှားအချစ်တို့ထဲမှာ သူတစ်ယောက်တည်းကပဲ ဒဏ်ရာရရှိခံစားခဲ့ရလား? ရှရှင်းချန် တစ်ဖက်လူရှိရာ ခေါင်းလှည့်ကာ ယန်မင်ယို့မျက်လုံးတို့ဆီ အကြည့်ပို့မိ၏။

ယန်ယိုမင် သူ့ကိုယ်ပေါ် ဖိထားအုပ်မိုးထားလျက် ခေါင်းအုံးပေါ် ခေါင်းတင်လှဲနေသော ရှရှင်းချန်၏ ပခုံးထက်တွင် နားစက်နေရင်း ရှရှင်းချန်ကို ခေါင်းမော့ကြည့်လာသည်၊ ထိုမျက်ဝန်းလှလှတို့ထဲတွင်တော့ အဆုံးမရှိသောနက်ရှိုင်းမှုတို့ တည်ရှိသည်။

ထိုနက်ရှိုင်းမှုတို့သည် သူတို့သရုပ်ဆောင်တုန်းကလိုနှင့် လုံးဝကို ခြားနား၏။ ဟိုးအရင် ဒီလိုအိပ်ရာပေါ်ကအခန်းတွေ ရိုက်ကူးတုန်းကဆို ယွီဟိုင်ဟန်က ထိုအခန်းထိုဇာတ်မှာ ဘယ်လိုပဲ မွေ့လျော်လျော် ယန်ယိုမင်သည် ထိုအခန်းရိုက်လို့ဆုံးတာနှင့် ၄င်းမွေ့လျော်ခြင်းတို့ထံမှ ချက်ခြင်းပင် ရုန်းထွက်သည်၊ ဒါပေမဲ့ ဒီအချိန်မှာတော့ ယန်ယိုမင်ဆီတွင် တပ်မက်မှုတို့အပြည့် တည်ရှိနေဆဲ၊ အသက်ရှူသံတို့သည် ပြင်းပြတောက်လောင်လျက်ရှိဆဲ...

ယန်ယိုမင် သူ့ကို ထိုအတိုင်းသာကြည့်နေခဲ့သည်၊ တအောင့်ကြာသွားပြီးနောက်မှ ရှရှင်းချန်၏ နီနီရဲရဲနှုတ်ခမ်းလုံးလေးကို လက်မဖြင့် ညင်သာစွာ ထိကိုင်လာသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now