ရုတ်တရက် ကလေးရှူးဖိနပ်တစ်ခု လေထဲမျှောနေတာကို သူမတွေ့လိုက်သည်။

"ဟိုနေရာမှာ လူတွေရှိတယ်" "ဒါထောင်ချောက်တစ်ခုဘဲ ဖြစ်ရမယ်"

နီးယန်၏စကားလုံးများ မကျသေးခင်မှာဘဲ စုရွမ်ရွမ် ရဲဝင့်စွာ ပြေးထွက်သွားသည်။

နီးယန် : ... ဒီ ငတုံးမ အဖြူထည်လေးကတော့ !ဘာသူရဲကောင်းလဲ!

"ငါ နင့်ကို ကယ်မယ်"
စုရွမ်ရွမ် မောင်ငယ်လေးအား ဖက်လိုက်ပြီး ခက်ခက်ခဲခဲဆွဲလိုက်သည်။သစ်ပင်မှ မောင်ငယ်လေးမှာ သူမကြောင့် ဒုက္ခရောက်နေသည်။

"စုရွမ်ရွမ်!"

နီးယန် သူမသေနတ်အားမြှင့်လိုက်ပြီး သူမဘေးပတ်လည်ကိုနိုးကြားလျက် စောင့်ကြည့်နေခဲ့သည်။

သေချာတာပေါ့၊ သူမဘေး ကွယ်နေသော နေရာမှ လူတစ်ယောက် လမ်းလျှောက် ထွက်လာသည်။သူ့ခြေထောက် ဘေးတွင် ပခုံးသိုင်းလွယ်အိတ်နှစ်လုံးနှင့်အတူ အစိမ်းရင့် ရောင်စစ်တပ်ယူနီဖေါင်းကို ဝတ်ဆင်ထားပြီး သေနတ်တစ်လက်သယ်ဆောင်ထားကာ ရှည်လျားသော ခြေတံများဖြင့်ရပ်နေသည်။

အိတ်ထဲတွင် အထောက်အပံ့ပစ္စည်းလို သိပ်ထည့်ထားတာ ရှိ‌ေနသည်။

နီးယန် သူမမျက်လုံးအားကျဉ်းမြောင်းကာ ထိုအမျိုးသားကို ကြည့်လိုက်သည် ။အမျိုးသားက နောက်ခံ အလင်းရောင်ထဲတွင် ရပ်နေသည်။သူက လက်နက်ချသော လက်ဟန် အမူအရာ ဖြင့်သူ့လက်ကို မြှောက်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာသည်။

နီးယန် အမျိုးသား၏မျက်နှာအား ရှင်းရှင်းလင်းလင်းမြင်ရပြီးနောက် အံ့အားသင့်သွားသည်။
"ကပ္ပတိန်ရှောင်လား?"

"မင်း ငါ့ကို သိတာလား"
အမျိုးသားတွင် အေးစက်သော မျက်နှာနှင့် ဆံပင်တိုရှိသည်။သူက ပြင်းထန်သော လေ့ကျင့်ရေးများကိုကြုံခဲ့ရသော စစ်သားတစ်ယောက်နှင့်တူလေ၏။

နီးယန်က ဘယ်လိုလုပ် သူ့ကိုမသိရမှာလဲ။သူက သူတို့စစ်သည်များ၏ ဒဏ္ဍာရီဖြစ်ပြီး သူမ၏ အိုင်ဒေါလည်း ဖြစ်သည်လေ။

အေးစက်သောအမျိုးသမီးမျက်နှာတွင် ရုတ်ခြည်းဘဲ မျက်နှာသွေးရောင်ဖြန်းလာသည်။ကျနေတဲ့ဆံပင် လုံး၀မရှိတာတောင်မှ သူမနားသယ်အား ဖြီးရန် သူမလက်ကိုမြင့်လိုက်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now