လွန်ခဲ့သောနှစ်ဝက်ခန့် - ဆိုလိုသည်မှာ ယန်ယိုမင်က "မျောလွင့်နေသော အနာဂတ်" ရိုက်ကူးရေးအဖွဲ့ထဲ မရောက်လာခင်အချိန်ကတည်းက ယွမ်ကျင့်နှင့် ကွာရှင်းပြတ်ဆဲပြီးဖြစ်သည်။

ရှရှင်းချန် သူ့ဖုန်းကိုသာ တစိုက်တမတ် စူးစိုက်ကြည့်နေသည်။ သူ့ဦးနှောက်က အောက်စီဂျင် လက်ခံရရှိမှု ပြတ်တောက်သွားခြင်းကြောင့် သူ့ပါးနှစ်ဖက်မှာ မသိမသာ နီရဲလာတော့သည်။ သူ ထိုWeibo postကို စာလုံးတစ်လုံးချင်းဆီ အဆုံးထိဖတ်သွားပြီးနောက် ပုံလေးပုံ တွဲတင်ထားတာကို တွေ့လိုက်ရသည်။ ထိုထဲမှ နှစ်ပုံမှာ ယွမ်ကျင့်၏ ပုံနှစ်ပုံဖြစ်သည် : ပထမတစ်ပုံသည် ယွမ်ကျင့် ဂျပန်နိုင်ငံမှ လမ်းများကြားတွင် တက်သစ်စ မော်ဒယ်ကောင်လေးတစ်ယောက်နှင့် လျှောက်သွားနေပုံဖြစ်ပြီး ဒုတိယတစ်ပုံကတော့ ယွမ်ကျင့် သူ့သူငယ်ချင်းများနှင့် မုန့်စားနေသည့်ပုံဖြစ်သည်။

ကျန်နှစ်ပုံကတော့ "မျောလွင့်နေသော အနာဂတ်" ရိုက်ကွင်းတွင် ရှိနေသည့် ယန်ယိုမင်ပုံနှင့် လမ်းသွားလမ်းလာတစ်ယောက်ယောက် ရိုက်သွားသည့် သူနှင့် ရှရှင်းချန်တို့ ညနက်အဆာပြေသွားစားကြသည့် ပုံဖြစ်သည်။

ထိုကဲ့သို့ ဓာတ်ပုံများကို ပူးတွဲပြထားခြင်းက ဖော်ပြမရသည့် ခန့်မှန်းချက်အချို့ကို ပြောပြထားသလိုပင်။ ထိုပို့စ်အောက်တွင် ကျော်ကြားနေသည့် Commentများကတော့ ရှရှင်းချန် ပရိတ်သတ်များ၏ နာမည်ကျော်ချင်သည့် ထိုအကောင့်ကို ဝိုင်းရှုံ့ချနေခြင်းများနှင့် ရှရှင်းချန်ပါဝင်သည့်ပုံကို ဖျက်ပေးဖို့ တောင်းဆိုနေခြင်းတို့ဖြစ်သည်။

ထိုပုံများကြောင့် ဖြစ်လိမ့်မည်၊ ရှရှင်းချန်နာမည်ကလည်း လောလောလတ်လတ်ရှာဖွေခံရသည့် စာရင်းထဲ ပေါ်လာလေသည်။

ရှရှင်းချန် လောလောလတ်လတ်ရှာဖွေစာရင်းကို နောက်ထပ်တစ်ကြိမ် refreshလုပ်လိုက်ပြီးနောက်တွင်တော့သတင်းမီဒီယာအကောင့်မှ ယန်ယိုမင်နှင့် ယွမ်ကျင့်တို့ ကွာရှင်းထားတာ ၆လကျော်ပြီဖြစ်ကြောင်း အတည်ပြုထားသည့် ပို့စ်ကို မြင်လိုက်ရသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now