/1/ Edited

13.2K 942 7
                                    


သူမ အသက်ရှည်မှာ မဟုတ်ဘူးဆိုတာ စုရွမ်ရွမ် သိနေခဲ့သည်။

ဇွန်ဘီအုပ်ထဲသို့ အမျိုးသားဇာတ်လိုက်၏ တွန်းချခြင်းခံရသော အမျိုးသမီးဇာတ်ကောင်တစ်ယောက်အနေဖြင့် ဘယ်လောက်ဘဲ ရုန်းကန်လှုပ်ရှားပါစေ သူမ၏ကံတရားမှာ ပုရွက်ဆိတ်တစ်ကောင်နှင့်တူသော အမျိုးသားဇာတ်လိုက်၏ လက်ထဲတွင် ဖိညှပ်ခံထားရသည်။

တကယ်တော့ သူမကို မသတ်ခင် သူက သူမနှင့် ကစားနေတာဖြစ်သည်။ သို့သော်လည်း ပြသနာမရှိပေ။

မကြာခင်မှာဘဲ သူမသေတော့မယ်ဆိုတာ သိနေခဲ့သောကြောင့် ဖြစ်သည်။

ဇာတ်လိုက်၏ နက်စောက်စွာ အပိုင်းပိုင်းအဖြတ်မခံရခင် စုရွမ်ရွမ် အရင်သေဆုံးရလိမ့်မည်။

"ရွမ်ရွမ် မင်း ဗိုက်ဆာတယ်ဆိုရင်တောင်မှ အိပ်ဆေးတွေကို မစားသင့်ဘူးလေ"စုရွမ်ရွမ် ရှေ့မှာ ယောကျာ်းတစ်ယောက်ရှိနေပြီး သူ၏ အေးစက် ခန့်ညားသော မျက်နှာဟာ ကြင်နာပြီး နူးညံ့သိမ့်မွေ့နေသည်။သူက ပြောက်ကျား ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အရပ်မြင့်မားကာ ရှည်လျားတဲ့ခြေထောက် ၊ကျဉ်းမြောင်းတဲ့ခါး ၊ကျယ်ပြန့်သောပခုံး ရှိသည်။သူ၏ နောက်ကျောဘက်တွင် ဆုတ်ပြဲနေသော ကျောင်းလွယ်အိပ်တစ်လုံး ရှိနေ၏။

အဝတ်စက ပါးနေပြီး အိတ်ထဲတွင် ရေးတေးတေးမြင်ရသော အရာဝတ္တုတစ်ခုရှိသည်။

အဲဒါက ပုဆိန်တစ်လက်ဆိုတာ စုရွမ်ရွမ် သိ၏။

ဒီလူဟာ ပုဆိန်တစ်လက်အား မှီခိုအားထား၍ အဆုံးသတ်နေ့များတွင်(🍀:ကမ္ဘာပျက်ကပ်၏ နေ့ရက်များ)သန်စွမ်းလာရာ သုံးဖက်မြင်မရှိသော ဤကမ္ဘာတွင် အရှင်သခင်တစ်ယောက် ဖြစ်လာလေသည်။

နူးညံ့ပြီး ခန့်ညားတဲ့သူတစ်ယောက်က ပုဆိန်တစ်လက်ကိုင်ပြီး နေရာတိုင်းက လူတွေကို လိုက်ခုတ်နေ.....စုရွမ်ရွမ် အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။ဒီစာရေးဆရာက ဆန်းကြယ်တဲ့ ရောဂါရနေတာဘဲ။

သုံးရက်အကြာမှာတော့ စုရွမ်ရွမ်လေးဟာ<<လွှမ်းမိုးချုပ်ကိုင်သူ၏ ပြန်လည်ရှင်သန်ခြင်း>>ဆိုတဲ့ ဤကမ္ဘာပျက်ကပ် ဝတ္တုထဲသို့ ဝင်ရောက်ခဲ့ပါတော့သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Unde poveștirile trăiesc. Descoperă acum