"ကိုယ် အကုန်လုံးနဲ့ အရင် သောက်ပေးပါ့မယ်။"

ကောင်မလေးများ ချက်ချင်း မတ်တပ်ထရပ်ပြီး ယန်ယိုမင်နှင့် ခွက်ချင်းတိုက်လိုက်သည်။

ယန်ယိုမင် သူ့ဖန်ခွက်ထဲမှ ဝိုင် ကုန်အောင် သောက်ပြီးသွားချိန်တွင် ရှရှင်းချန် ပခုံးကို ဖိပြီး ပြောလိုက်သည်။

"ရှင်းချန်၊ လာ"

ရှရှင်းချန် မတ်တပ်ထရပ်ပြီး သူ့နောက်ကို လိုက်သွားလိုက်သည်၊ သူ့ ဝိုင်ခွက်ကို ယူခဲ့ဖို့ကိုလည်း သူ မမေ့။ သူ ယန်ယိုမင်ကို အမှီလိုက် လိုက်ပြီးနောက် သူတို့နှစ်ယောက် ပြတင်းယောက်နားရှိ လေးယောက်ထိုင် စားပွဲသို့ လျှောက်သွားပြီး ထိုင်လိုက်ကြသည်။

လူတိုင်းက စားသောက်ဆိုင် အလယ်မှာ စုပြုံနေကြတာမို့ ပြတင်းပေါက်နားမှ စားပွဲများတွင် လူမရှိသလောက်ပင်။

သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ရှရှင်းချန် သူ့ပါးတွေ နီရဲနေသည်အထိ မူးနေပြီး ယန်ယိုမင်အား မျက်တောင်မခတ် စိုက်ကြည့်နေသည်။

ယန်ယိုမင် သူ့ကို မေးလိုက်သည်။ "ကိုယ့်ကို ပြောချင်တာ တစ်ခုခု ရှိလို့လား။"

သူက မတ်မတ်ထိုင်နေပြီး လက်နှစ်ဖက်လုံးကို စားပွဲပေါ် တင်ထားသည်၊ သူ့ညာဘက်လက်က ဝိုင်ခွက်အောက်ခြေကို ကိုင်ထားပြီး ဘယ်ဘက်လက်မှ လက်ချောင်းများကတော့ ပြေလျော့ကာ အနည်းငယ် ကွေးထားသည်။ သူ့လက်ချောင်းများက ရှည်လျား သွယ်လျပေမယ့် အဆစ်များက သိသာသည်၊ ခရမ်းရောင်ဖျော့ သွေးကြောများကလည်း သူ့လက်ခုံတွင် သေသေချာချာကို မြင်နေရသည်။

ထိုလက်များက အရွယ်ရောက်ပြီးသား လူတစ်ယောက်၏ လက်များဖြစ်သည်၊ အနည်းငယ် ကြမ်းလျပြီး နွေးထွေးကာ သန်မာသည် - သူတို့က ရှရှင်းချန်ကို မရေမတွက်နိုင်အောင် ကိုင်ခဲ့ဖူးပြီး ထိုးဖွတာမျိုးတောင် လုပ်ဖူးသည်။သို့ပေမယ့် ပထမဆုံး အကြိမ်အနေနှင့် သူ ထိုလူ၏ ညာဘက်လက် လက်သူကြွယ်တွင် လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။

ပလက်တီနမ် လက်စွပ်က စတိုင်အနေနဲ့ဆို မထင်ပေါ်ပေမယ့် ဒီဇိုင်းအရဆို အသေးစိတ်သည်။ ကြည့်လိုက်ရုံနှင့်စျေးမပေါမှန်း တန်းသိနိုင်သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now