ယွီဟိုင်ယန် သူ့ပါးစပ် ဖွင့်လာမှာကို ပြုံးရင်း စောင့်နေသည်။

ဖန်းကျန်းယွမ်လည်း ပါးစပ်ဟကာ အရှေ့မှ ပုစွန်အား ယူ စားလိုက်ရတော့သည်။

-Script Mood off-

ရိုက်ကွင်းအခန်းမှာ ရှရှင်းချန် ပုစွန်အား လှမ်းကိုက်ပြီး ပါးစပ်ထဲ တမြုံ့မြုံ့ဝါးနေပုံဖြင့် ပြီးသည်။ သို့ပေမယ့် သူတို့က ဒါရိုက်တာ ထိုအခန်းအား အပြီးသတ်တာကို ထိုင်စောင့်နေရသည်။ ထိုအချိန် ယန်ယိုမင် ရုတ်တရက် ရယ်ကာ စချင်နေသည့် အသံဖြင့် ပြောလာသည် :

"ကိုယ်ကို ကူလျက်ပေးမလား။"

ရှရှင်းချန် ချက်ချင်းပင် ကြောင်သွားသည်။ သူ သူ့နှုတ်ခမ်းအနားတွင် ရှိနေသည့် ဟင်းနှစ်များ ဖုံးနေတဲ့ ယန်ယိုမင်လက်ချောင်းအား ကြည့်ရင်း သူကိုယ်တိုင်ပင် မသိလိုက်ပဲ လျှာဖြင့် လျက်လိုက်သည်။

ရလာဒ်အနေဖြင့် ဟောကျန်း အော်သံအား ကြားလိုက်ရသည်။

"Cut!!" သူ ဆက်ပြောလာသည်။ "မလုပ်စမ်းနဲ့။ အဲ့လိုတွေ မနောက်စမ်းနဲ့။"

ယန်ယိုမင် လက်ပြန်ရုတ်သွားကာ သူ့လက်ထောက်မှ ပေးလာသည့် တစ်သျှူးအစိုဖြင့် လက်ချောင်းများကို သုတ်ရင်း ပြုံးနေသည်။

ရှရှင်းချန် နှလုံးသားက ရင်ဘတ်နေရာတွင် အလျင်အမြန် ခုန်ပေါက်နေတာမို့ ခေါင်းငုံ့ကာ ပါးစပ်ထဲမှ ပုစွန်များအား အကုန်မြိုချဖို့ ကြိုးစားလိုက်သည်။

ထိုင်ခုံမှ ထလာပြီးနောက် ယန်ယိုမင် ရှရှင်းချန် ပုခုံးအား ပုတ်ရင်း ပြောလိုက်သည်။

"ကိုယ်စလိုက်တာ။ အဲ့တာကို စိတ်မပူနဲ့။"

[T/N : ဟောကျန်း အော်တာကို စိတ်မပူနဲ့လို့ ပြောချင်တာ။]

ရှရှင်းချန် ခေါင်းမော့ပြီး ယန်ယိုမင်အား ပြုံးပြလိုက်သည်။ ယန်ယိုမင် ထွက်သွားချိန်မှာတောင် သူ ထိုင်ခုံမှာ ဆက်ထိုင်နေမိသည်။ ထို့နောက်တွင်မှ စားပွဲပေါ်မှ လက်ကိုင်ပုဝါအား လှမ်းယူကာ သူ့ပါးစပ်အား သေသေချာချာ သုတ်လိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ရှရှင်းချန် ပုံမှန်မဟုတ်သည့် ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ချိန်တွင် ၀န်ထမ်းအုပ်စု တစ်ခုက သူ့ဆီသို့ ကိတ်မုန့်တင်ထားသည့် လှည်း တွန်းလာသည်ကို တွေ့လိုက်ရသည်။ ကျန်သည့် ဝန်ထမ်းများက ဘေးတွင် စုရုံးကာ မွေးနေ့သီချင်းကို လက်ခုပ်တီး၍ ဆိုနေကြသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now