ရှရှင်းချန် သူ့အခန်းဆီ ပြန်ဖို့ လုပ်လိုက်ပေမယ့် သူ မလှည့်ထွက်ခင်၌ပင် အခန်းထဲမှ နီးကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် ယန်ယိုမင် အသံ ထွက်လာတော့သည်။

"ဘယ်သူလဲ?"

"ကျွန်တော်ပါ။" ရှရှင်းချန် ထိန်းချုပ်မရအောင်ပင် တုန်လှုပ်နေသည်

"ရှရှင်းချန်ပါ။"

အခန်းတံခါး ပွင့်လာသည်။ တံခါးအရှေ့တွင် ယန်ယိုမင်သည် ရေချိုးဝတ်ရုံဖြင့် မတ်တပ်ရပ်နေပြီး သူ့ဆံပင်များကလည်း စိုစွတ်နေဆဲပင်။ သူ ရှရှင်းချန်ကို ပြုံးကာ ပြောလိုက်သည်

"ဘာကူညီပေးရမလဲ? အထဲဝင်လာလေ။"

ရှရှင်းချန်စိတ်သည် ခဏမျှ ဗလာဖြစ်သွားတော့သည်။ သူ ယန်ယိုမင် အခန်းထဲသို့ လိုက်ဝင်လာကာ တံခါးကိုပင်ပိတ်ပေးလိုက်သေးသည်။

ယန်ယိုမင် အခန်းပုံစံသည် သူ့အခန်းပုံစံနှင့် အတူတူပင် ဖြစ်ပေမယ့် သူ့ထက်ပို သန့်ရှင်းနေသည်။ နေ့စဉ်သုံးပစ္စည်းများကို စနစ်တကျပင် နေရာချထားသည်။

ယန်ယိုမင် ရှရှင်းချန်ကို ပြောလိုက်သည်

"ထိုင်လေ"

ရှရှင်းချန် ဆိုဖာပေါ် ထိုင်ချလိုက်သည်။ ယန်ယိုမင် ကုတင်စောင်း၌ ထိုင်ကာ သူ့ကို မျက်နှာချင်းဆိုင်ရင်း မေးလိုက်သည်။ " ကိုယ်ဘာများ ကူညီပေးရမလဲ?"

ရှရှင်းချန် လက်မြှောက်ကာ သူ့ဆံပင်များကို ဖွမိသည်။ သူ့ နဖူးများ ပူနေသည်ကို ခံစားရနေသည်။ အမှန်မှာ သူ့နဖူးတစ်ခုတည်းပင် မဟုတ် _ သူ့မျက်နှာ တစ်ခုလုံး ပူနေလောက်သည်။ သူက ပြောလိုက်သည်။

"ကျွန်တော် အကို့ကို ကျေးဇူးတင်ချင်လို့ပါ။"

ယန်ယိုမင် ခေါင်းငုံကာ ပြုံးလိုက်ပြီး သူ့ကို ပြန်ကြည့်လာသည်

"ကိုယ့်ကို ကျေးဇူးတင်ပြီးသွားပြီလေ။"

ရှရှင်းချန် ထိုခဏအတွင်း ဖော်ပြလို့မရအောင် ရှက်သွားတော့သည်။ သူ ယန်ယိုမင်ရဲ့ ရေချိုးဝတ်ရုံ လစ်ဟနေသည့်နေရာမှ သူ့ရင်ဘတ်ကို မြင်လိုက်ရတာကြောင့် မနေတတ်စွာဖြင့် အကြည့်လွှဲလိုက်တော့သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now