ဟွမ်းကျီစင်း နားမလည်နိုင်

"မင်း ဒီနေ့ တကယ် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဟောကျန်းကလည်း မင်းကို အတင်းဖိမနေဖူးလေ။ အဲ့နှစ်ချက်ပေါင်းတဲ့ ရလဒ်အနေနဲ့ မင်း ဒီနေ့ရိုက်ကူးရေးကို အမြန်ဆုံးပန်းကန်လုံးစီးပြီး ခဏလေးနဲ့ အပြတ်ဖြတ်နိုင်ခဲ့တယ်လေ"

ရှရှင်းချန် သူ့မျက်နှာကို လက်ဖြင့် အုပ်ကာလိုက်သည်

"အဲ့တာ ယန်ယိုမင်ကြောင့်လေ"

"ယန်ယိုမင်ဆိုတာ သရုပ်ဆောင်ကောင်းတဲ့လူမှန်း ငါ သိတယ်၊ ဒါပေမဲ့ သူ့ဘာသူ ဘာဖြစ်နေနေ သူ မင်းနဲ့အတူ အတွဲညီညီ တွဲသရုပ်ဆောင်ဖို့တော့ လိုသေးတာပဲမဟုတ်လား?"

ရှရှင်းချန် ခေါင်းခါလိုက်သည်၊ သူ ဘာပြန်ပြောလို့ ပြောရမည်မသိ...

ဟွမ်းကျီစင်းက ရှရှင်းချန်ရဲ့ ညို့သကြီးကို လှမ်းကန်ကာ

"ဖိုက်တိုး...ပထမနေ့မှာတင် လက်မြှောက်မနေနဲ့လေကွာ။ ဒီရုပ်ရှင်က မင်းကို ရုပ်ရှင်ထဲ အချိန်တော်တော်ကြာဆွဲခေါ်ထားမှာဖြစ်သလို ပြီးသွားရင်လဲ ရုပ်ရှင်လောကထဲ နေရာတစ်ခုဆီ အသေအချာ ဆွဲခေါ်သွားပေးမှာ၊ စိတ်ပင်ပန်းရတာတွေကတော့ နေ့တိုင်းရှိနေမှာပဲ အဲ့လိုဆိုလို့လည််း မင်း ဒီလိုအခွင့်အရေးကို လက်လွှတ်လို့မဖြစ်ဘူးလေကွာ၊ အဲ့တော့ကာ အကောင်းဆုံးသာ လုပ်လိုက်"

"ကျွန်တော် သိပါတယ်"

ဟွမ်းကျီစင်းပြန်ထွက်သွားတော့ ရှရှင်းချန် အိပ်ရာပေါ်မှာ စိတ်ပျက်လက်ပျက် ခဏလောက် လှဲနေသည်။ သူ နောက်ဆုံးတော့ တစ်ခုခုကို သတိရသွားပြီး ကုတင်ဘေး စားပွဲပေါ်က သူ့ဖုန်းကို လှမ်းယူကာ ရှောင်းယွီဆီ ဖုန်းဆက်လိုက်သည်။

ဖုန်းဝင်သံ တတီတီက တောက်လျှောက် ထွက်ပေါ်လာပေမဲ့ ရှောင်းယွီဘက်က ဖုန်းမကိုင်...

ဖုန်းခေါ်ဆိုသံ အဆုံးမှာတော့ ရှောင်းယွီဆီက မက်ဆေ့စ် ဝင်လာသည် : ထပ်ပြီး ပတ်သက်ဖို့ အဆင်မပြေတော့ဘူး။ မေ့သာ မေ့လိုက်ကြစို့

ရှရှင်းချန် ထို စကားလုံးတို့ကို စက္ကန့်ပိုင်းမျှလောက် စိုက်ကြည့်နေသည်။ ဒီလိုနေ့ရောက်လာမယ်ဆိုတာကို သူသိပေမဲ့ ဒီစကားတွေကို အရင်ပြောမဲ့လူက ရှောင်းယွီဖြစ်လိမ့်မယ်လို့ သူ မထင်ထား။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now