သူ ဒီအခန်းမှာ ပြောစရာ ဒိုင်ရာလော့ခ် သိပ်များများစားစားမရှိ၊ ဇာတ်ကားတစ်ကားလုံးမှာကို သူပြောစရာ ဒိုင်ရာလော့ခ် များများမပါတာလို့ပြောရင် ပိုမှန်လောက်မည်။ သို့ပေသည့် အဲ့လိုကြောင့်ကို သူ့မှာ ပိုလို့တောင် စိုးရိမ်တကြီး စိတ်လှုပ်ရှားနေရတော့သည်။ ခံစားချက်တို့ကို ဒိုင်ရာလော့ခ်အရှည်ကြီးတွေနှင့် ပုံဖော်တာမျိုးက ဟောကျန်း လိုချင်တဲ့ပုံစံမျိုးမဟုတ်မှန်း သူသိသည်။ ဟောကျန်းက ဇာတ်လမ်း တစ်ခန်းနှင့်တစ်ခန်းကို အသံတိတ် အမူအရာတို့ဖြင့် သို့မဟုတ် ပြောင်မြောက်ထူးချွန်လှသည့် အိုက်တင်တို့နှင့်သာ အသေးစိတ်ကျကျ ပုံဖော်ချိတ်ဆက်သည်။

ဟောကျန်းရဲ့ ပွဲဦးထွက်ရုပ်ရှင်ကစလို့ လက်ရှိ နောက်ဆုံးထွက်ထားတဲ့ရုပ်ရှင်အထိ ရှရှင်းချန် တစ်ကားမကျန် ကြည့်ဖူးသည်။ ဟောကျန်းက ရိုက်ကူးရေးမှာ ကင်မရာအယူအဆကို သေချာအသားပေးသည်၊ ကင်မရာ ရှုထောင့်အမျိုးမျိုးကနေ ခံစားချက်အမူအရာတို့ကို ကျွမ်းကျင်ပါးနပ်စွာ ရိုက်ကူးတတ်သည်မှာ ဟောကျန်းရဲ့ အပိုင်နိုင်ဆုံး ထူးချွန်မှုဖြစ်သည်။ ကြော်ငြာရိုက်ရင်တောင် သူ့စံကို တရွေးလေးမျှ မလျှော့တာ စာပေနှင့် အနုပညာတို့၏ ရသစုံကို ပိုင်နိုင်သေသပ်စွာ ထည့်သွင်းအသက်သွင်းမည့် ဒီလိုရုပ်ရှင်ဆို ပြောနေစရာတောင်မလို...

အဲ့လိုကြောင့်ပဲ သူ့ ရုပ်ရှင်ရိုက်ကူးရေးကနေ ကောင်းမွန်တဲ့ရလဒ်လိုချင်တယ်ဆို သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်အရည်အချင်းက တကယ့်ကို ထူးချွန်လွန်းနေမှရမည်။

သရုပ်ဆောင် အငယ်တွေထဲမှာတော့ ရှရှင်းချန်က သရုပ်ဆောင်ကောင်းတာကြောင့် အမြဲ ချီးကျူးခံရလေ့ရှိသည်။ ဘယ်လိုအခြေအနေ အနေအထားအတွက်ပဲဖြစ်ဖြစ် သူ ဒီတစ်လျှောက်မှာ idol ဒရမ်မာတွေ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံအရ သူ့မှာ ခံစားချက်ကို အသေအချာ သရုပ်ဖော်နိုင်ဖို့ရာ လုံလောက်သည့် အရည်အချင်းတစ်ခုရှိနေပြီ။ ဒါပေမဲ့လည်း အခုအနေအထားလောက်က ဟောကျန်းရဲ့ စံညွှန်းနားကပ်နိုင်ဖို့ အဝေးကြီးလိုသေးမှန်း သူ့ကိုယ်သူ သိသည်။

The Star around the Sun 明日星程 [Unicode]Место, где живут истории. Откройте их для себя