ရှုမငြီးသော နတ်​ဆေးရှင်​ (၁၂)

2.1K 524 23
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁၂)
~~~~~~~~~~~~~~~~~~~~~~~

"တွေ့လား... နင်​တို့ ပြဿနာကို ငါ ရှင်းပေးလိုက်​ပြီ၊ ငါ့ကို ကျေးဇူးမတင်​ချင်​ကြဘူးလား..." 'ပြောပါတယ်​၊ ငါဟာ စိတ်​ပုပ်​မ မဟုတ်​ဘူးဆွာ...'

[…] 'ဒီစကား မပြောခင်​ လက်​ထဲက ရောင်​စုံဥကို အရင်​ချထားလိုက်​ပါလား'

ကျန်​တဲ့သူတွေလည်း မြေပေါ်ကနေ အလူးအလဲထကာ မင်​ရှုကို ကြည့်​လိုက်​ကြတော့တယ်​။ မင်​ရှုရဲ့ အပြုံးမျက်​နှာဟာ တကယ်​ကို အမြင်​ကတ်​စရာ ကောင်းလာပြီ။ မင်​ရှုလက်​ထဲမှာ ရောင်​စုံဥလေးကို ကိုင်​ထားဆဲဆိုတာ တွေ့လိုက်​ရချိန်​မှာတော့ ခုနက ကျေးဇူးဆင်​ချင်​စိတ်​ကလေး နည်းနည်း ပေါ်လာခဲ့ရင်​တောင်​ ပျောက်​သွားတော့တာပဲ။

"နင်​..." ဥက ဘာလို့ သူ့လက်​ထဲ ဆက်​ရှိနေတာလဲ။ ဒါဆို မိုးကြိုးကြောင်​ယူသွားတာက ဘာကြီးလဲ။

မင်​ရှု ဥကို လွှင့်​ပစ်​လိုက်​တာ သူတို့ အသေအချာကြီးတွေ့လိုက်​တာပဲလေ။

ဟိုမြွေနဂါးကြီးက ဒီဥကို လိုချင်​နေတာ။ အလှည့်​စားခံလိုက်​ရတာသာ သိရင်​ နောက်​ဆက်​တွဲက မတွေးဝံ့စရာပဲ။

"သခင်​၊ ကျွန်​တော်​တို့ အခု ဘယ်​လိုလုပ်​ကြမလဲ" ရှောင်းရုဖုန်းကိုလည်း မြွေကြီးက ဖမ်းခေါ်သွားသေးတယ်​။

ဒါပေမဲ့ ဒီလူတွေ ရှောင်းရုဖုန်းကို သွားမကယ်​ချင်​ဘူး။ သခင်​ခုနစ်​ အစီအစဉ်​ဘယ်​လို ရှိမှန်းလည်း မသိရဘူး။

"မင်း ဒီမှာနေခဲ့၊ ကျန်​တဲ့သူတွေ ငါနဲ့ လိုက်​ရမယ်​" ဖုန့်​ချန်​က ပြောပြောဆိုဆို မင်​ရှုကို လှမ်းကြည့်​လိုက်​တယ်​။

"သခင်​၊ ဒီမြွေကြီးကို ရင်​ဆိုင်​ရလွယ်​မှာ မဟုတ်​ပါဘူး... ဒီလိုမျိုး နောက်​ကလိုက်​သွားတာ မသင့်​တော်​ပါဘူး" ကိုယ်​ရံတော်​ကလည်း ဖုန့်​ချန်​ကို မသွားဖို့ ဖြောင်းဖြရှာတယ်​။

ဒါပေမဲ့ ဖုန့်​ချန်​ သူ့ကို ပြန်​ကြည့်​လိုက်​တဲ့အခါမှာတော့ ကိုယ်​ရံတော်​လည်း နှုတ်​ဆိတ်​သွားရတော့တယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိHikayelerin yaşadığı yer. Şimdi keşfedin