အမှန်​တရားရဲ့ ဘက်​တော်​သား (၁၉)

3.1K 594 5
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၁၉)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ချန်​ယန်​ကို မင်​ရှုက အဖက်​တောင်​ မလုပ်​ဘူး။ သူ့နှုတ်​ခမ်းထောင့်​တွေလည်း တွန့်​ချိုးသွားတော့တယ်​။ 'သူ သူ့ကို အဖက်​မလုပ်​ပြန်​ဘူး... ပစ်​ထားပြန်​ပြီ... လျစ်​လျူရှုထားပြန်​ပြီ...!

သူက အလေးမထားချင်​စရာ ကောင်းနေလို့လား...

အမြဲတမ်း အချေခံနေရတာ...!'

ချန်​ယန်​လည်း အနီးအနားမှာရှိနေတဲ့ ကောင်​မလေးတစ်​ယောက်​ဆီ မုန့်​တွေကို ပစ်​ပေးလိုက်​တယ်​။ ပြီးတော့ ကောင်​မလေးရဲ့ ဝမ်းပန်းတသာ အော်​လိုက်​သံတွေကို လျစ်​လျူရှုပြီး မင်​ရှုနောက်​ကနေလိုက်​လာလိုက်​တော့တယ်​။

"ချန်​ယန်​...!"

"အိုးမိုင်​ဂေါ့... ဒီနေ့ကျောင်းမှာ ချန်​ယန်​ကို တွေ့လိုက်​တယ်​...!"

ချန်​ယန်​ ဝင်​လာတာနဲ့ ကောင်​မလေးတွေဆီက အသံတွေ တစ်​မျိုးပြီးတစ်​မျိုး ပေါ်ထွက်​လာတော့တာပဲ။

မင်​ရှုကတော့ ဈေးဝယ်​ခြင်းတောင်းကို သယ်​ရင်း မုန့်​တွေကို တစ်​ခုပြီးတစ်​ခု ကောက်​ထည့်​နေလိုက်​တယ်။ ချန်​ယန်​ ဘာမှ မပြောဘဲ သူ့ကို မတော်​ကြာကြာ ကြည့်​နေသေးတယ်​။ နောက်​တော့ ခြင်းတောင်းကို ယူဆွဲထားပေးလိုက်​တယ်​။ "ငါ ကိုင်​ပေးထားမယ်​၊ အိုကေတယ်​မလား..."

"မလိုပါဘူး..." မင်​ရှုကတော့ ခြင်းတောင်းတစ်​ဖက်​စွန်းကနေ ပြန်​ဆွဲထားလိုက်​ပြီး ချန်​ယန်​လက်​ကို လွှဲပေးလိုက်​ဖို့ ငြင်းဆန်​တယ်​။ သို့ပေငြားလည်း အပြုံးမပျက်​ပါပဲ။ 

'နင်​ ငါ့မုန့်​မုန့်​တွေကို ယူသွားရဲ ယူသွားကြည့်​... ရိုက်​ပစ်​လိုက်​မယ်​ အရူးကောင်​...!'

"နင့်​ကို ကူညီရတာ ငါ့အတွက်​တော့ ကျေနပ်​စရာတစ်​ခုပဲ..." ချန်​ယန်​ကလည်း အလျော့မပေးဘဲ ခြင်းတောင်းကို ပြန်​ဆွဲထားတယ်​။

"နင့်​ရဲ့ ဝန်​ဆောင်​မှုကို စောင့်​နေမယ့်​လူတွေ တစ်​သီတစ်​တန်းကြီးရှိနေတယ်​နော်​..." မင်​ရှုက ကျောင်းသူလေးတွေ ပြုံကြည့်​နေကြတဲ့ ဘက်​ခြမ်းကို ချန်​ယန်မြင်​အောင်​လို့ လက်​ဟန်​ပြပြီး ပြောလိုက်​တယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now