ကောလဟလ ဘုရင်​မ (၂၂)

5.2K 833 10
                                    

ကောလဟလ ဘုရင်​မ (၂၂)
~~~~~~~~~~~~~~~~~~~~~

လက်​နှစ်​ဖက်​က လက်​ထိပ်​ကွင်းတွေကို ကြည့်​ရင်း မင်​ရှု သက်​ပြင်းချလိုက်​မိတော့တယ်​။ ပိုက်​ဆံချမ်းသာတဲ့သူတွေများ တကယ်​ကို မတူဘူး။ ဒါပေါ့ သူ့မှာ ဒီလိုပစ္စည်းမျိုး အစစ်​ကြီးရှိနေနိုင်​တယ်​။

ကားပြူတင်းဘေးက ဖြတ်​သွားတဲ့ မြင်​ကွင်းတွေက လူသူပြတ်​သထက်​ ပိုပြတ်​လပ်​လာတယ်​။ သူ့ကို ကျန့်​ရွှင်​ ဘယ်​ခေါ်သွားမလို့မှန်း မင်​ရှုလည်း မသိဘူး။

အမွှေးတိုင်​မှာ ဆေးတစ်​မျိုးပါနေခဲ့တာ။ အဲ့ဒီ့ဆေးက အားပျော့ အားနည်းသွားစေတဲ့ သတ္တိတစ်​မျိုးရှိတယ်​။

မင်​ရှု ရင်​ထဲမှာတော့ ဘယ်​လိုမှ မခံစားရဘူး။ တစ်​ခုခု စားချင်​နေတာပဲ သိတယ်​။

"ညန်​ညန်​၊ ကိုယ့်​ကို အခွင့်​အရေးတစ်​ခုတော့ ပေးပါလား... နော်​" ကျန့်​ရွှင်​ မဝံ့မရဲလေသံမျိုးနဲ့ ရှေ့တည့်​တည့်​ကြည့်​ကာ မေးလိုက်​တယ်​။ သူ ဒီလိုမျိုး မလုပ်​ချင်​ပါဘူး။ ဒါပေမဲ့ မင်​ရှုရဲ့ အငြင်းကြောင့်​ သူ ကြံရမရဖြစ်​ပြီး. . .

မင်​ရှုကတော့ passenger seat မှာ ခွေနေရင်း မှိန်းချင်​လာတယ်​။ ကျန့်​ရွှင်​ အသံကို ကြားတော့ သူ လှည့်​ကြည့်​ကာ ပြောလိုက်​တော့တယ်​။ "ချစ်​အစ်​ကိုကြီး၊ ဒီလောကမှာ မိန်းမတွေ အများကြီးရှိတာ ဘာလို့ ညီမကိုမှ ကြိုက်​ရတာလဲ"

'ငါက နင်​ ကြိုက်​သင့်​တဲ့ လူမျိုးမဟုတ်​ဘူး...!'

ကျန့်​ရွှင်​ လက်​ခုံပေါ်မှာ စိမ်းပြာရောင်​သွေးကြောတွေ ထောင်​ထနေတာပဲ။ သူ့ခန္ဓာကိုယ်​သွေးသားဆန္ဒကို ချုပ်​တည်းထားမှန်း သိသာနေတယ်​။ သူ့အကြည့်​တွေကို လွှဲလိုက်​တယ်​။ သူ့ပုံစံက အတိတ်​တစ်​ချိန်​ဆီမှာ။ "မင်း ငယ်​ငယ်​တုန်းက မင်းဟာ နှင်းလုံးလေးလိုပဲ... ကိုယ့်​ကို အသံသာသာလေးနဲ့ အစ်​ကို အစ်​ကိုနဲ့ ခေါ်ခဲ့ဖူးတာ..."

ကျန့်​ရွှင်​ ပြောတာ အများစုကို ကျန့်​ညန်​ရဲ့ မှတ်​ဉာဏ်​ထဲမှာတောင်​ ရှာလို့ မရတော့ဘူး။ မူလကျန့်​ညန်​ သိပ်​ငယ်​လွန်းလို့ မမှတ်​မိတော့တာလည်း ဖြစ်​နိုင်​တယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWaar verhalen tot leven komen. Ontdek het nu