ကောလဟလ ဘုရင်​မ (၂၁)

4.9K 840 17
                                    

ကောလဟလ ဘုရင်​မ (၂၁)
~~~~~~~~~~~~~~~~~~~~~

မင်​ရှုနဲ့ ကျင်းယွိ နှစ်​ဘက်​စလုံးက သူတို့ရဲ့ TV ဒရာမာဇာတ်​လမ်းတွဲတွေကို ဆောင်းရာသီ ပိတ်​ရက်​ရှည်​ အချိန်​ကောင်းမှာ ထုတ်​လွှင့်​ဖို့ စီစဉ်​ထားကြတာ။ ကျင်းယွိက ကြော်​ညာဝင်​နေတာ အတော်​ကြပြီ။ နာမည်​ကျော်​သရုပ်​ဆောင်​တွေ ပါတာနဲ့၊ ဇာတ်​လမ်းနာမည်​ကြီး ဝတ္ထုဖြစ်​နေတာနဲ့ဆိုတော့ သူတို့ ဇာတ်​လမ်းတွဲကို မိတ်​ဆက်​အစမ်းပြမတိုင်​ခင်​ကတည်းက လူစိတ်​ဝင်​စားလာကြတယ်​။

မင်​ရှုရဲ့ ဇာတ်​လမ်းတွဲကတော့ ပထမဆုံး ရိုက်​ကွင်းစတဲ့နေ့က အစ၊ ပထမဆုံးအပိုင်း ရုပ်​သံလွှင့်​ခါနီးထိကို သတင်းငြိမ်​သက်​ကာသာ နေတယ်​။ ဝန်​ထမ်းတွေ အဖွဲ့သားတွေကတော့ မင်​ရှု ကွယ်​ရာမှာ စိတ်​ပူနေကြပြီပေါ့။ သူတို့ သူဋ္ဌေးဘာတွေ လုပ်​မလဲလို့သာ တွေးနေကြရတော့တယ်​။

သူတို့ တွေးတော ပူပန်​နေစဉ်​မှာပဲ {ဘုံဖျားအလွန်​}ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ Blog ကနေ ဇာတ်​လမ်းအစမ်းပြတစ်​ခုကို တင်​လာတယ်​။ ဒါဟာ {ဘုံဖျားအလွန်​}မင်းသမီး ပထမဆုံးအနေနဲ့ သရုပ်​ဆောင်​ထားတဲ့ ဇာတ်​လမ်းတွဲပါလို့လည်း အထူးတလည်​ ထည့်​သွင်း ပြောထားသေးတာပေါ့။

အစကတော့ ဒီမျက်​နှာသစ်​လေးကို {ဘုံဖျားအလွန်​}ရဲ့ ဇာတ်​ဆောင်​ မင်းသမီးအဖြစ်​ ရွေးလိုက်​တုန်းက လူတော်​တော်​များများ ပါးစပ်​အဟောင်းသား ဖြစ်​ခဲ့ကြတာ။ အရင်​က ဘာမှ သရုပ်​မဆောင်​ဖူးတဲ့ မျက်​နှာသစ်​လေးက ဘယ်​လိုလုပ်​ အဓိကဇာတ်​လိုက်​နေရာမှာ အရွေးခံရတာလဲလို့ပေါ့။

အခုတော့ ဇာတ်​လမ်း trailer တစ်​ခု ရုတ်​တရက်​ပေါ်လာပြီး သူ ဇာတ်​လမ်းတွဲတစ်​ခုတောင်​ ရိုက်​ပြီးနေပြီလို့ ပြောနေတဲ့ သဘောလား။

အင်​တာနက်​သုံးစွဲသူတွေလည်း မူလ Blog ထဲကို ဝင်​ကြည့်​ကြတော့တယ်​။ - {တော်​ဝင်​ဧကရီ့မှတ်​တမ်း} ဇာတ်​လမ်းတွဲရဲ့ official blog ထဲကိုပေါ့။

တော်​တော်​များများကတော့ နားမလည်​နိုင်​ဘူး။ {တော်​ဝင်​ဧကရီ့မှတ်​တမ်း}ဆိုတဲ့ ဇာတ်​လမ်းတွဲက ရှိရော ရှိလို့လားပေါ့။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now