မာနမင်းသမီး (၃)

1.4K 249 14
                                    

မာနမင်းသမီး (၃)
~~~~~~~~~~~~~

မင်ရှု မြင်းလှည်းထဲကို ပြန်ဝင်ကာ ခြေနှစ်ဖက်ကို ပိုက်ရင်း တုန်ခိုက်နေမိလေတယ်။

'ငါ ငတ်နေပြီ...!

ဒီလောက် ​ပျော့ဖလပ်နေတဲ့ ခန္ဓာကိုယ်လေးနဲ့ ဟိုဝံပုလွေ တစ်အုပ်တစ်မကို ဘယ်လိုလုပ် တိုက်လို့ နိုင်မှာတဲ့တုန်း...

မဟားတရား ခက်ခဲနေတဲ့ တာဝန်ကို နုနယ်ပျော့ပျောင်းလွန်းနေတဲ့ ခန္ဓာကိုယ်လေးနဲ့ ထမ်းဆောင်ရမယ်တဲ့၊ လာနောက်နေတာလား'

ရှ ရှ ချွတ် ချွတ်—

မင်ရှု လိုက်ကာကို အသာမလို့ အပြင်ကို ချောင်းကြည့်လိုက်တယ်။ ဝံပုလွေတွေက သူမကို တွေ့သွားပုံပဲ။ သူမဘက်ကို ချင်းကပ်လာကုန်တာ။ ကြောက်စရာ မျက်လုံးစိမ်း အစုံပေါင်းများစွာက  မင်ရှုကို စိုက်ကြည့်နေတာပေါ့။ လန့်စရာပဲ။

"မင်းသမီး... မင်းသမီး"

ကလေးမလေး နိုးလာတယ်။ သူမ လက်မောင်းတွေ နာကျင်ကိုက်ခဲနေတာပဲ။ သူမ ပြတင်းပေါက်ကို မှီလျက်ထိုင်နေတဲ့ မင်ရှုကို စိုးရိမ်တကြီး ကြည့်နေမိတယ်။ "မင်းသမီးလေး ရရဲ့..."

"ရှူး" မင်ရှုက နှုတ်ခမ်းပေါ် လက်တစ်ချောင်းတင်ပြလာလေရဲ့။ 

မိန်းကလေးလဲ ချက်ချင်းကို ပါးစပ်ပိတ်သွားရော။ သူမ မင်ရှု ကြည့်နေတဲ့ နေရာကို လှမ်းကြည့်လိုက်မိတယ်။ အပြင်ဘက်က မြင်ကွင်းဟာ သူမကို ရုတ်ချည်း သွေးဆုတ်ဖြူရော်သွားစေတော့တာပဲ။ သူမ အတွေးမှာ အာပြဲကြီးနဲ့ အော်မိတော့မလို့။ ဒါပေမဲ့ မင်ရှုက "ရှူး"လို့ပြောထားတာကို သူမ မှတ်မိသေးတော့ ဘာအသံမှ မထွက်နိုင်သေးခင် ပါးစပ်ကို အုပ်ထားလိုက်တော့တာပေါ့။

'ဝံပုလွေတွေ. . . ဝံပုလွေတွေမှ အများကြီးပဲ

ဘယ်လိုလုပ်ပြီး ဖြစ်ရတာလဲ'

မိန်းကလေးက မင်ရှုအနားတိုးသွားလိုက်ပြီး မင်ရှုလက်မောင်းကို ဖက်တွယ်ထားတော့တယ်။ သူမ အသံတွေကလဲ တုန်လို့၊ "မင်းသမီး၊ ကျွန်မတို့ ဘယ်လို လုပ်ကြရမလဲ ဟင်"

'ဝံပုလွေတွေ အများကြီး ဝိုင်းထားတာ ကျွန်မတို့ ဘယ်လို ထွက်ပြေးနိုင်ပါ့မလဲ'

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now