ရှုမငြီးသော နတ်​ဆေးရှင်​ (၅)

2.3K 529 12
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၅)
~~~~~~~~~~~~~~~~~~~~~~

"ကျစ်​ပေါ် နင်​ ရူးသွားပြီလား..." သခင်​ခုနစ်​ရှေ့မှာ မလေးမစားဆက်​ဆံခံရတာမျိုး ပိုင်​ယန့်​ရန်​ မလိုချင်​။ ဒါပေမဲ့ ဒေါသကိုလည်း ချုပ်​တည်းထားလို့ မရပြန်​ဘူး။ 'ဒီကျစ်​ပေါ် ဘာတွေ ဖြစ်​နေတာလဲ မသိဘူး...' သူတို့ လူချင်းကွဲသွားတာ ရက်​ပိုင်းလောက်​ပဲ ရှိဦးမယ်​။ ဘာလို့ တခြားတစ်​ယောက်​လိုမျိုး ပြောင်းလဲသွားတာလဲ။ အထူးသဖြင့်​ သူ့အမူအကျင့်​တွေက ရိုင်းပြလာတယ်​။

"ငါ မရူးပါဘူး..." 'ငါ အလတ်​ကြီး ရှိသေး...'

"နင်​ ဘာဖြစ်​ချင်​နေတာလဲ... ဘာဖြစ်​လို့ ဝိညာန်​သားရဲကောင်​ကို ခေါ်လာပြီး ငါတို့ကို တိုက်​ခိုက်​စေတာလဲ" ပိုင်​ယန့်​ရန်​ ပြောနေရင်း ရုတ်​တရက်​ ရပ်​သွားပြီး သူ့မျက်​ဝန်းလှလှလေးတွေမှာလည်း မယုံကြည်​နိုင်​မှု၊ အံ့အားသင့်​မှုတွေ ပြည့်​နှက်​သွားလေတယ်​။ "နင်​... နင်​ ဝိညာန်​သားရဲကောင်​တွေကို စေခိုင်းလို့ ရတယ်​လား..."

သခင်​ခုနစ်​ အပါအဝင်​ အဲ့ဒီနေရာမှာ ရှိနေသူတွေ အကုန်​လုံးရဲ့ အကြည့်​က မင်​ရှုဆီ ရောက်​လာတော့တယ်​။

ရွှမ်းယွမ်​ ကုန်းမြေတိုက်​ကြီးမှာ ပညာရှင်​မျိုးစုံ ရှိကြတယ်​။ တွေ့ရများတာကတော့ ဝိညာန်​စွမ်းအား ကျင့်​ကြံသူတွေ။ ဝိညာန်​အတွင်းအားကြောရှိတဲ့သူတိုင်း ဝိညာန်​စွမ်းအား ကျင့်​ကြံသူ ဖြစ်​လာနိုင်​တယ်​။ ကွာသွားတာက အဆင့်​ပဲ။ အဆင့်​နိမ့်​ကနေ အမြင့်​ဆုံးအထိ အမျိုးမျိုး ရှိကြတယ်​။

လူအများစုဖြစ်​တဲ့ ဝိညာန်​စွမ်းအားရှင်​တွေ အပြင်​ကို တခြား ပညာရှင်​တွေလည်းရှိသေးတယ်​။ ဆေးဆရာ၊ လက်​နက်​ဖန်​တီးသူ၊ ဗျူဟာရှင်​၊ ပြီးတော့ ဝိညာန်​သားရဲသခင်​တို့ပေါ့။

အဲ့ဒီအထဲမှာမှ အလေးစား အကြည်​ညိုခံရဆုံးက ဆေးဆရာနဲ့ ဝိညာန်​သားရဲသခင်​တွေ။

ဆေးဆရာတွေ အရေးပါတာကိုတော့ နားလည်​ရမခက်​ပါဘူး။ ဘဝသက်​တမ်းတစ်​လျှောက်​မှာ ဒဏ်​ရာမရ၊ နေမကောင်းမဖြစ်​တဲ့သူ မရှိဘူးလေ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now