အမှန်​တရားရဲ့ ဘက်​တော်​သား (၂၅)

2.6K 528 3
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၅)
~~~~~~~~~~~~~~~~~~~~~~~~~~~~

သူတို့ကျောင်းရဲ့ ဂျူနီယာအထက်​တန်းမှာ တက်​နေကြတဲ့ ကျောင်းသားကျောင်းသူ အများစုဟာ ကျောင်းစာမှာ တော်​ကြထက်​ကြပေမဲ့ ကျောင်းကောင်းကောင်းမှာ တက်​ဖို့ ဝင်​ကြေးမတတ်​နိုင်​ကြသူတွေများတယ်။ ဒါကြောင့်​မို့ ဒီကျောင်းလို နာမည်​ကြီးကျောင်းမျိုးကနေ စကော်​လာတွေ ဝင်​ကြေးကို လျှော့ပေးတာမျိုးတွေ လုပ်​လာတဲ့အခါမှာ ဂျူနီယာတန်းသားတော်​တော်​များများက ဒီကျောင်းကို ဦးစားပေးရွေးချယ်​ တက်​ကြတော့တယ်​။

ကျောင်းစာမှာ ထူးချွန်​စွာအောင်​မြင်​နိုင်​ရေးအတွက်​ ဒီကျောင်းသားကျောင်းသူတွေ ဒီမှာ လာတက်​ကြတာ။ ဒါပေမဲ့ သူတို့ စိတ်​ထဲမှာတောင်​ မကူးဝံ့တဲ့ ငရဲခန်းကြီးဖြစ်​နေမယ်​လို့ မထင်​ထားကြဘူး။

ဖန်​ကျစ်​ကော်​ဟာ ငွေရေးကြေးရေး မပြည့်​စုံလွန်းတဲ့ နောက်​ခံကလာတဲ့ ကျောင်းသားကျောင်းသူတွေ၊ ပြီးတော့ ထိန်းချုပ်​ရလွယ်​မယ့်​သူတွေကို ပစ်​မှတ်​ထားတယ်​။ ပြီးတော့မှ ဖန်​ကျစ်​ကော်​အမိန့်​အရ ရှိယာရှင်းက သူတို့ကို ချဉ်းကပ်​တယ်​။ အကြောင်းအမျိုးမျိုးပြပြီး ကျောင်းဆင်းချိန်​မှာ အချိန်​ပိုတန်းတက်​ဖို့ဆိုပြီး ခေါ်ထားလေ့ရှိတယ်​။

သူများတကာကို အရူးလုပ်​လို့ရမယ့်​ ကြင်​နာတတ်​တဲ့၊ အပြစ်​ကင်းစင်​တဲ့ မျက်​နှာမျိုးကို ပိုင်​ဆိုင်​ထားတော့ ရှိယာရှင်း ကျောင်းမှာ ထင်​ရာစိုင်းလို့ ရနေခဲ့တာပေါ့။

အဲ့ဒီကျောင်းသားကျောင်းသူတွေကို ကုန်​ပစ္စည်းလို သဘောထားပြီး လူ့တိရစ္ဆာန်​တွေဆီ ပို့ဆောင်​ကာ အရွေးခြယ်​ခံစေတယ်​။

ဒီလို အပေးအယူမျိုးရှိနေတာကို ရှိယာရှင်း သိသိချင်းကဆို အင်​မတန်​မှ ထိတ်​လန့်​သွားခဲ့ဖူးတယ်​။ နေ့စဉ်​ရက်​ဆက်​ ညညဆို အိပ်​မက်​ဆိုးတွေ မက်​ခဲ့ရတဲ့ အထိပဲ။ နောက်​တော့ အဲ့ဒီကျောင်းသားကျောင်းသူတွေနဲ့ သူ ကျောင်းမှာ မျက်​နှာချင်းဆိုင်​မိရင်​ကို ကြောက်​လန့်​တကြား တုန်​ရင်​နေမိသေးတာ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now