အမှန်​တရားရဲ့ ဘက်​တော်​သား (၁၆)

3.5K 630 15
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၁၆)
~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲ့ဒီ့ညမှာ ကျောင်းအုပ်​ဆရာကြီးဆီ ဖုန်းဝင်​လာတယ်​။ သူ့မှာ ရဲစခန်းကို အခေါ်ခံရတယ်​။ မင်​ရှုနဲ့ ချန်​ယန်​ကို လာထုတ်​ဖို့တဲ့လေ။

အမြဲတမ်းအဆင့်​ကောင်းတဲ့ ကျောင်းသူလေးနဲ့ ဂျစ်​ကန်​ကန်​ ကျောင်းသားဆိုးတစ်​ယောက်​ ရဲစခန်းကို အတူတူရောက်​နေတာဆိုတော့ ကျောင်းအုပ်​ဆရာကြီး သိပ်​ကို အံ့အားသင့်​နေမိခဲ့တယ်​။ မင်​ရှုရဲ့ ထွက်​ဆိုချက်​ကို မှတ်​တမ်းယူခဲ့တဲ့ ရဲဝန်​ထမ်းလိုမျိုး သူ ခံစားမိတယ်​။

လုပ်​ဆောင်​စရာရှိတာ လုပ်​ဆောင်​ပြီးသွားတော့ ကျောင်းအုပ်​ဆရာကြီးက သူတို့နှစ်​ယောက်​နဲ့ အတူတူ ပြန်​ထွက်​လာတော့တယ်​။ သူ့မျက်​နှာလည်း မသာမယာနဲ့ပေါ့လေ။ ရဲစခန်းအပြင်​ရောက်​ပြီဆိုတာနဲ့ ကျောင်းအုပ်​ဆရာကြီး စပေါက်​ကွဲတော့တာပဲ။ "လုမုန်း၊ ချန်​ယန်​... နင်​တို့နှစ်​ယောက်​ အိမ်​ကို တန်းတန်းမတ်​မတ်​ မပြန်​ဘဲ ဘာတွေ လုပ်​နေကြတာလဲ..."

ပြီးတော့ ဘာကိစ္စ သူ့ကို ဒီနေရာ လာခိုင်းတာလဲ။ သူ အရှက်​ရလိုက်​တာ။  

မင်​ရှု ချန်​ယန်​ဘက်​ကို လက်​ညိုးထိုးလိုက်​တယ်​။ "ဆရာကြီး၊ အဲ့လူတွေက သူနဲ့ စာရင်း လာရှင်းတာ... သမီးနဲ့ ဘာမှ မဆိုင်​ဘူး"

"ညည်းနဲ့ ဘာမှ မဆိုင်​ဘူးတဲ့လား၊ လူရိုက်​တော့ ရိုက်​တဲ့ လူက ဘာလို့ ညည်းဖြစ်​နေတာလဲ" ကျောင်းအုပ်​ဆရာကြီးမှာ စိတ်​ဆိုးရလွန်းလို့ ပေါက်​ကွဲထွက်​တော့မတတ်​ဘဲ။

'မင်း သူတို့ကို ဒဏ်​ရာအပြင်းအထန်​တောင်​ရသွားစေလို့ သူတို့မှာ ရဲတောင်​ တိုင်​လိုက်​ရတာ... ကိုယ့်​ကိုယ်​ကို ဂုဏ်​မဖော်​ချင်​တော့ဘူးလား...'

အမှတ်​ကောင်းပြီး လိမ္မာတဲ့ ကျောင်းသူတွေလည်း သိပ်​ကြမ်းတတ်​တယ်​ဆိုတာ သူ ဘာလို့ မရိပ်​မိခဲ့တာပါလိမ့်​။

"ဆရာကြီး၊ ဒါ တကယ်​ပဲ ကျွန်​တော့်​ကြောင့်ပါ... လုမုန်းနဲ့ ဘာမှ မဆိုင်​ဘူး..." အခုချိန်​ ချန်​ယန်​သာ သူ့အပြစ်​သူ လိုလိုလားလား ဝန်​မခံလိုက်​ဘူးဆိုရင်​ မင်​ရှုရဲ့ အမြင်​ကပ်​ပုဒ်​မဒဏ်​သင့်​ ရာဇဝတ်​သားစာရင်းထဲ တစ်​သက်​လုံး ပါသွားတော့မှာ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now