ရှုမငြီးသော နတ်ဆေးရှင် (၃၅)
~~~~~~~~~~~~~~~~~~~~~မင်ရှုနှင့် သားရဲကောင်လေး တစ်ဦးနှင့်တစ်ဦး တည့်နေမှု အတိုင်းအတာကို ထူးခြားတယ်လို့ ချင်းချန် မြင်မိတယ်။ ဘာလို့ဆို၊ မင်ရှုဟာ သားရဲကောင်လေးကို မြင်ချင်ပုံမရသလို သားရဲကောင်လေးကလဲ မင်ရှုကို သိပ်ကြည့်လို့ရပုံ မပေါ်ဘူး။
သူတို့နှစ်ယောက်များ မျက်နှာချင်းဆိုင်မိလိုက်ရင် တစ်ယောက်ကို တစ်ယောက် မျက်စောင်းတွေ ထျီပြီး ကြည့်ကြတယ်။ မဟုတ်ရင် ဝိညာန်သားရဲကောင်လေးက အစာခိုးစားမယ်၊ နောက် မိသွားရင် ကိုင်ပေါက်ခံရမယ်၊ အကန်ခံရမယ်၊ မြေကြီးထဲ ထည့်မြုပ်ခံရမယ်၊ သစ်ပင်ပေါ် ချိတ်ထားခံရမယ်... အဲ့လိုတွေ။
ဘယ်လိုတောင် ဆန်းကြယ်တဲ့ ဆက်ဆံရေးကြီးလဲ။
အချိန်အကြာကြီး လျှောက်လာရပြီးတဲ့ နောက်မှာတော့ သူတို့ နဂါးရိုးတောင်ကို ရောက်လာကြလေတယ်။
အရင်တစ်ခေါက်က တိုက်ပွဲတွေကြောင့် နဂါးရိုးတောင်မှာ တော်တော်လေး အပျက်အစီးရှိသွားတယ်။ အပက်မရှိတဲ့ ကျောက်ဆောင်တွေရယ်၊ လဲပြိုနေတဲ့ သစ်ပင်ကြီးတွေရယ်နဲ့ ဖြစ်နေပြီ။ ဒါပေမဲ့ အပူဒဏ်ကတော့ ယုတ်လျော့မသွားဘူး။ ပူပြင်းတဲ့ နေမင်းက မြေအပြင်ကို ကင်ဖုတ်နေသလိုပဲ။ မြေကြီးပေါ် လမ်းလျှေညက်နေရတာနဲ့ မတူဘဲ ဒယ်အိုးပူထဲ လျှောက်နေရသလိုလို။ တချို့များဆို အသက်ရှူရတောင် ခက်လာကြတယ်။
ဒါပေအဲ့ ချင်းချန်ကတော့ ဒီအပူဒဏ်ကို နည်းနည်းလေးမှ ခံစားရပုံမပေါ်ဘူး။ ခြေနဲ့ မြေကြီး မထိစေရဘဲ ပန်းပွင့်နတ်သူငယ်တွေလို လေမှာ မြောလွင့်ပြီး သွားနေတယ်။
"ငါတို့ နဂါးကို ဘယ်လို ရှာကြမှာလဲ" ချင်းချန် မင်ရှုဘက်ကို လွင့်လာလိုက်တယ်။ "နဂါးရိုးတောင်ကလဲ တော်တော်ကြီးတာကို၊ ကိုယ်တို့ တစ်တောင်လုံးကို ခြေကျင်ပတ်ရှာရမှာလား"
"သြော်အေး၊ ရှင် အော်ခေါ်ကြည့်ပါလား ထွက်လာမလားလို့" မင်ရှု ချင်းချန်ကို မျက်ခုံးပင့်ကာ ပြောပစ်လိုက်တယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...