ရှုမငြီးသော နတ်​ဆေးရှင်​ (၃)

2.4K 488 5
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၃)
~~~~~~~~~~~~~~~~~~~~~~

'ဒီမိစ္ဆာလေးက ဘာလား...! ငါ့ အသားကင်​ကို ဘယ်​သူ လာတိုက်​ချရဲတာလဲ...!

ဆွဲခေါ်ထုတ်​သွားပြီး ကျိန်​ဒဏ်​ပေးစမ်း...! မသေမချင်း ရိုက်​လိုက်​စမ်း...!'

အသားကင်​နဲ့အတူ သစ်​ပင်​ကြီးကို ဝင်​တိုက်​မိသွားတဲ့ အရိပ်​မည်းမည်းကို မင်​ရှု ပြန်​ကြည့်​လိုက်​တယ်​။ အချက်​အလက်​တွေက သူမ ခေါင်းထဲ တန်းဝင်​လာတော့တာပဲ။ အဲ့တစ်​ယောက်​က တော်​ဝင်​ကျောင်းတော်​ကြီးရဲ့ တူညီဝတ်​စုံကို ဝတ်​ထားတာကိုး။

သူတို့အားလုံးက ကျောင်းတော်​ကြီးရဲ့ စာသင်​သားတွေပဲ။

ရွှမ်းဟွမ်​လောကမှာ တူညီဝတ်​စုံဆိုတဲ့ စကားလုံး ဘာလို့ လာရှိနေတာလဲတော့ မမေးနဲ့။ ရှိချင်​လို့ ရှိတယ်​မှတ်​။ အဓိပ္ပါယ်​ ရှိလား၊ မရှိသလား အရေးမကြီးဘူး။ ဇာတ်​ကြောင်း လိုအပ်​ချက်​အရ ထည့်​ထားတာ။

ပိုင်​ယန့်​ရန်​လည်း အဲ့ဒီတော်​ဝင်​ကျောင်းတော်​ကြီးဆိုတာမှာ တက်​တယ်​။ ဒီတစ်​ခေါက်​ သူ လေဟုန်​ပြင်း မိစ္ဆာတောင်​တန်းကို လာတယ်​ဆိုတာကလည်း ကျောင်းကနေ ကျောင်းသားတွေ လေ့ကျင့်​လို့ရအောင်​ စီစဉ်​ပေးတာမို့ပဲ။ 

"ရန်​ရှုဖုန်း ထုတ်​လိုက်​စမ်း..." ယောက်ျား မိန်းမမရွေး တူညီဝတ်​စုံ ဝတ်​ထားကြသူတွေ တောအုပ်​ထဲကနေ ခုန်​ထွက်​လာကြတယ်​။

အော်​ပြီး ဟစ်​ပြီးနေခါမှ တခြားလူတွေပါ ရှိနေတာကို သူတို့ သတိထားမိသွားကြတယ်​။ သတိထားမိတာနဲ့ ကြက်​သေသေကုန်​ကြတာပဲ။ အခြေအနေတွေ ရုတ်​တရက်​ ချက်​ချင်းကြီး တည်​ငြိမ်​ကျသွားလိုက်​တာ။

လျိုဖုန်းနဲ့ ဟွေ့ရွှယ်​လည်း မင်​ရှုဘက်​ လှည့်​ကြည့်​လိုက်​တယ်​။ မင်​ရှုကတော့ ပြုတ်​ကျပေရေသွားတဲ့ အသားကင်​တုံးကို ဝမ်းနည်းပက်​လက်​ ငေးကြည့်​နေတာပေါ့။ သူ မြင်​သာမြင်​ပြီး မကြင်​လိုက်​ရတဲ့၊ အသားကင်​လေး။

"သူတို့က ပိုင်​ယန့်​ရန်​ရဲ့ လူတွေ မဟုတ်​လား၊ ဒီမှာ ဘာလုပ်​နေကြတာလဲ" တစ်​ယောက်​ကတော့ မင်​ရှုကို သတိပြုမိသွားပြီ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now