ရှုမငြီးသော နတ်​ဆေးရှင်​ (၂၂)

2K 460 4
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၂၂)
~~~~~~~~~~~~~~~~~~~~~~~

မင်​ရှုကိုလာ"ဖိတ်​ခေါ်" ကြတဲ့ လူတွေ များမကြာမီမှာ ရောက်​လာကြတော့တယ်​။ မင်​ရှုကတော့ တည်းခိုခန်း ဝရန်​တာကို မှီရင်း အောက်​မှာ စုရုံးနေကြသူတွေကို ကြည်​ကြည်​သာသာပဲ ကြည့်​နေခဲ့တယ်​။ "လူတွေ လာကြတာမှ အများကြီးပဲ၊ ကြည့်​ရတာ ငါ အတော်​လေး အရေးပါပုံရတယ်​"

ဟွေ့ရွှယ်​မှာ ဆွံအရလို့။ သူ ထုပ်​တန်းပေါ် တက်​ထိုင်​နေတဲ့ လျိုဖုန်းကို ကြည့်​လိုက်​တော့တယ်​။ လျိုဖုန်းမျက်​လုံးတွေထဲမှာလည်း ဘာမှ မတတ်​နိုင်​တော့သလို အကြည့်​တွေနဲ့။ သခင်​မလေး၊ သူတို့က သခင်​မလေးကို လာဂုဏ်​ပြုနေကြတာ မဟုတ်​ဘူးနော်​။ သခင်​မလေးကို သေကြောင်းကြံဖို့ လာကြတာ သိရဲ့လား။

'နည်းနည်းပါးပါးလောက်​ တည်​တံ့နေပေးလို့ မရဘူးလား'

"သခင်​မလေး" ဟွေ့ရွှယ်​ မင်​ရှု အင်္ကျီစကို ဆွဲထားလိုက်​ပြီး လွှတ်​မပေးတော့ဘူး။ "သခင်​မလေး အောက်​ဆင်းသွားစရာ မလိုပါဘူး..."

မင်​ရှုကတော့ ဟွေ့ရွှယ်​ လက်​ကို အသာပုတ်​ရင်း ပြုံးလိုက်​တယ်​။ "သူတို့ ဒီနေရာအထိ လိုက်​လာပြီး ငါ့ကို ဖိတ်​ခေါ်တာလေ... ငါ မသွားလို့ ဘယ်​ဖြစ်​မလဲ၊ မယဉ်​ကျေးရာ ကျနေပါဦးမယ်​" 'ပွဲကြီး ပွဲကောင်း ဖြစ်​တော့မှာ၊ ငါ လွတ်​သွားလို့ မဖြစ်​ဘူး...'

"သခင်​မလေး...!" ဟွေ့ရွှယ်​ ခြေတွေပါ ဆောင့်​မိပြီ။ "ဒီလူတွေဟာ လာခြင်း ကောင်းနဲ့လာတာမဟုတ်​ဘူးနော်​၊ မမျှော်​လင့်​တာ တစ်​ခုခု ဖြစ်​သွားရင်​ ဘယ်​လိုလုပ်​မလဲ... သခင်​မလေးက သေမင်းတောင်​ကြား သခင်​ပါ၊ ကိုယ့်​ကိုယ်​ကို လုံခြုံစေမှ ဖြစ်​ပါမယ်​"

သေမင်းတောင်​ကြားသခင်​တွေမှာ တပည့်​တစ်​ယောက်​ပဲ ရှိတာ။ အခုချိန်​မှာ အရင်​သခင်​လည်း ဆုံးပါးသွားပြီ။ သခင်​မလေးမှာလည်း တပည့်​မရှိသေးဘူး။ သခင်​မလေးသာ တစ်​ခုခု ဖြစ်​သွားခဲ့ရင်​... တောင်​ကြားကိစ္စတွေ ဘယ်​လိုလုပ်​မလဲ။ သခ်​မလေးဟာ အသက်​ကိုပါ စွန့်​စွန့်​စားစားရှိလှတာ သေမင်းတောင်​ကြားအတွက်​တော့ တာဝန်​လစ်​ဟင်းရာရောက်​သွားပြီ။ ကျစ်​ပေါ်ကိုယ်​တိုင်​ အတွက်​ရောပေါ့၊ တာဝန်​မဲ့ရာကျတယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now