ရှုမငြီးသော နတ်​ဆေးရှင်​ (၂၄)

2.1K 443 10
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၂၄)
~~~~~~~~~~~~~~~~~~~~~~~

လျစ်​လျူရှုခံထားရတဲ့ မြွေငပိန်းကတော့ စိတ်​တွေ တိုနေပြီ။ အရင်​ကတော့ ဒီလူသားဟာ သူ့ကို အဖက်​မလုပ်​ခဲ့တာ။ ဘာပဲ ပြောပြော သူ သည်းခံလို့ရသေးတယ်။ ဒါပေမဲ့ အခုက ကျန်​တဲ့သူတွေပါ သူ့ကို အဖက်​မလုပ်​တော့အောင်​ လူသားမက လုပ်​နေတာလေ။သည်းမခံနိုင်​တော့ဘူး။ 

မြွေပိန်း စိတ်​ဆိုးလွန်းလို့ သူ့အမြီးကြီးနဲ့ နွယ်​ပင်​လွှဲရိုက်​သလို၊ ရှိုက်​ချလိုက်​တယ်​။ အမြီးက မင်​ရှုနဲ့ ရှောင်းရုဖုန်းဆီ တည့်​တည့်​ကြီး ရောက်​လာတယ်​။ သူတို့နှစ်​ယောက်​ကို ရစ်​ပတ်​ခွေသိမ်းလိုက်​တော့မလိုပဲ။

မင်​ရှုလည်း ဘေးကို ခုန်​ပြီး အမြီးကို ရှောင်​လိုက်​နိုင်​တယ်​။ ဒါပေမဲ့ ရှောင်းရုဖုန်းကို ချီမ,လာကြတဲ့ ကိုယ်​ရံတော်​တွေဟာ လန့်​သွားတာမို့ ရှောင်းရုဖုန်းကို ပစ်​ချပြီး ကိုယ်​လွတ်​ရုန်းပြေးကြပါတော့တယ်​။ ဒီတော့ ရှောင်းရုဖုန်းခမျာ မြွေအမြီးနဲ့ ပတ်​အဖမ်းခံလိုက်​ရတာပေါ့။

"ရွှီး ရွှီး-" 'မုန်းဖို့ကောင်းတဲ့ လူတွေ... အကုန်​တစ်​စစီ ဆွဲဖြဲပစ်​မယ်

အထူးသဖြင့်​ ဟိုမိန်းမယုတ်​ကို...'

မြွေငပိန်းလည်း တစ်​ကိုယ်​လုံး ကြွလိုက်​လာပြီး မင်​ရှုကို တိုက်​ခိုက်​ဖို့ ပြင်​တော့တယ်​။ ဒါပေမဲ့ ရုတ်​တရက်​ဆိုသလို သူ့ခန္ဓာကိုယ်​ဟာ လေထဲမှာတင်​ တန့်​သွားပြီး ချက်​ချင်းကို နောက်​ပြန်​လှည့်​ လျှောတိုက်​ ထွက်​ပြေးသွားပြန်​တော့တယ်​။

ဖုန်​တောထဲမှာတော့ ရွှေရောင်​ဧရာမမြွေကြီးတစ်​ကောင်​ရဲ့ သဏ္ဍာန်​ဟာ တဖြည်းဖြည်းချင်း ပျောက်​ကွယ်​လို့ သွားခဲ့တယ်​။ နေရာအနှံ့အပြားပြတ့်​ကျဲနေကြတဲ့ အပျက်​အစီးပုံတွေကြောင့်​သာ မဟုတ်​ရင်​ ရွှေမြွေကြီး ဘယ်​တုန်းက မြို့ထဲ မဝင်​လာခဲ့ဘူးလို့ ထင်​ရလောက်​အောင်​ပဲ။ 

ဒါပဲလား။

"ဘာဖြစ်​သွားတာလဲ"

"ဘာလို့ ထွက်​သွားတာလဲ၊ ဒီမှာ ကောင်းခန်းရောက်​နေတာ မဟုတ်​ဘူးလား"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now