အမှန်​တရားရဲ့ ဘက်​တော်​သား (၂၁)

2.8K 546 4
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ရှန့်​ကွမ်းဖုန်း သူ့ကို ဒီမှာ တွေ့ဖို့ အချိန်းအချက်​လုပ်​တယ်​ဆိုကတည်းက မကောင်းတဲ့ အကြံအစည်​တစ်​ခုခုရှိလို့နေမှာပေါ့။ ဒီတော့ မင်​ရှုလည်း ချိန်းထတာထက်​ ပိုစောပြီး လာလိုက်​တယ်​။ မမြင်​ကွယ်​ရာတစ်​ခုခုမှာ ပုန်းရင်း သူ ဘာလုပ်​လိမ့်​မလဲဆိုတာကို ကြည့်​ဖို့ စောင့်​နေလိုက်​တယ်​။

တတိယအထပ်​၊ စာသင်​ခန်းတစ်​ခုထဲမှာပေါ့။ မင်​ရှု ထိုင်​စောင့်​နေခဲ့တာ။

နာရီဝက်​လောက်​နေတော့ လှေကားထစ်​ဆီကနေ ခြေသံတွေ ကြားလာရတယ်​။ နည်းနည်းတော့ တုန့်​ဆိုင်းနေပုံရတဲ့ ခြေသံတွေ။ ဖြည်းဖြည်းလေးလေးလေးသွားနေတာ။

မင်​ရှုလည်း ကိုယ်​ကို ရှေ့တိုးပြီး ချောင်းကြည့်​လိုက်​တယ်​။ ရှန့်​ကွမ်းဖုန်း လှေကားထိပ်​ကို ရောက်​လာတယ်​။ သူ မင်​သေသေနဲ့ ဘေးဘီဝဲယာတွေကို ကြည့်​လိုက်​သေးတယ်​။ နောက်​တော့ စာသင်​ခန်းတစ်​ခု တံခါးကို ဖွင့်​ဝင်​သွားလေတယ်​။

မင်​ရှုကတော့ မုန့်​စားမပျက်​ ထောင့်​ကလေးမှာ ထိုင်​နေတာပေါ့။ တစ်​အောင့်​လောက်​နေတော့ ဘေးက စာသင်​ခန်းထဲကနေ အသံတွေ ထွက်​ပေါ်လာတယ်​။

"အင်း၊ ကိုယ်​ရောက်​နေပြီ... သူတော့ မရောက်​သေးဘူး... ယွီချီ တကယ်​ကြီး ဒီလိုလုပ်​ရတော့မှာလား" 

တစ်​ဖက်​က ဖုန်းလက်​ခံသူက တစ်​ခုခု ပြောလိုက်​ပုံရတယ်​။ ရှန့်​ကွမ်းဖုန်း လေသံဖျော့ဖျော့လေးနဲ့ ဖျောင်းဖြနားချနေပါတော့တယ်​။

ဖုန်းချလိုက်​ပြီးနောက်​တော့ ရှန့်​ကွမ်းဖုန်း သက်​ပြင်းချလိုက်​မိတယ်​။ သူ ဆေးလိပ်​တွေပါ သောက်​တယ်​။ ယိုင်​တိယိုင်​နဲ့ စားပွဲခုံမှာ ဝင်​ထိုင်​ရင်း ဒီကိစ္စ ဒီလိုလုပ်​တာ ကောင်းပါ့မလားလို့လည်း တွေးနေမိတယ်​။ ဒါပေမဲ့ ကျင့်​ယွီချီ စိတ်​ဆိုးမှာကို တွေးမိတော့ သူ တခြား ရွေးခြယ်​စရာ အကြောင်း မရှိတော့ပြန်​ဘူး။

ကျင့်​ယွီချီသာ ပျော်​မယ်​ဆို သူ ဘာမဆို လုပ်​နိုင်​တယ်။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now