အမှန်​တရားရဲ့ ဘက်​တော်​သား (၂၄)

2.7K 537 3
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၄)
~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဂျူနီယာတန်းက တချို့ကျောင်းသားကျောင်းသူတွေ သောကြာနေ့တိုင်း အချိန်​ပိုတက်​ကြရတယ်​၊ လွတ်​သွားတဲ့ သင်​ခန်းစာတွေ ပြန်​တက်​တဲ့သဘောပေါ့... ဒါပေမဲ့ ဒီလိုအချိန်​ပိုတက်​ရတဲ့ ကျောင်းသားကျောင်းသူတွေဟာ သိပ်​ပြီး လိုလိုလားလား မရှိကြဘူး၊ တချို့ဆို အချိန်​ပိုတန်းတက်​ရမှာ ကြောက်​နေကြတာကို ငါ သိထားတယ်​... အခြားအတန်းသားတွေဆီကနေ "အချိန်​ပို" လို့ပြောလာမှာကို၊ အဲ့အသံ အဲ့စကားလုံးကြားရမှာကိုတောင်​ ကြောက်​နေတဲ့သူတွေလည်း ရှိတယ်​"

ချန်​ယန်​က မင်​ရှုကို ဂျူနီယာတန်းတွေဘက်​ ခေါ်လာလိုက်​တယ်​။ "ဂျူနီယာတန်းအတွက်​ ဌာနမှူးက ဖန်​ကျစ်​ကော်​၊ ရှိယာရှင်းနဲ့ မရှင်းမလင်း ပတ်​သက်​နေကြတယ်​... ငါ သူ့နောက်​ကို မကြာမကြာ လိုက်​ဖူးတယ်​၊ အရင်​တစ်​ခေါက်​ ညဘက်​ကြီး နင်​ ငါ့ကို ကျောင်းမှာတွေ့တာ၊ အဲ့ဒါ ငါ သူ့နောက်​ကို နောက်​ယောင်​ခံလိုက်​လာတာလေ... ပြီးတော့ နောက်​တစ်​ခေါက်​ ငါတို့ကြားတဲ့ စကားသံ နှစ်​သံက ဖန်​ကျစ်​ကော်​နဲ့ ရှိယာရှင်း အသံ"

ချန်​ယန်​တော့ ပြောလို့ ဆုံးသွားပြီ။ ဒါပေမဲ့ မင်​ရှုက သူ ပြောတာ နားမထောင်​၊ အရေးမလုပ်​ဘဲ အစာပဲ စားနေတာကို တွေ့လိုက်​ရတယ်​။

"တော်​ပြီလေ... မစားနဲ့တော့၊ ငါတို့ အငယ်​တန်းဘက်​ ရောက်​တော့မယ်​" ချန်​ယန်​ မင်​ရှုကို သတိပေးလိုက်​ရတယ်​။

မင်​ရှု မုန့်​တွေကို သိမ်းလိုက်​ပြီး သူ့ကို မော့ကြည့်​လာတယ်​။ "သူတို့ ဘာတွေ လုပ်​နေကြတာလဲ နင်​ သိပြီလား"

"...ဘာမှ မသိရသေးဘူး" တစ်​ခါတစ်​လေ ဖန်​ကျစ်​ကော်​နဲ့ ရှိယာရှင်းတို့ စာသင်​ဆောင်​ အဟောင်းဘက်​သွားတာ ရှိတယ်​။ ဒါပေမဲ့ သူ သိရတာဆိုလို့ သူတို့ ဖောက်​ပြန်​နေတယ်​ဆိုတဲ့ ကိစ္စလောက်​ပဲ။

မင်​ရှုကလည်း ပြုံးစိစိနဲ့ ကြည့်​နေတော့ ချန်​ယန်​ အနေရခက်​သလိုတောင်​ ဖြစ်​လာတယ်​။ သူ ဒီကိစ္စအပေါ် စုံစမ်းနေတာ ကြာလှပြီ။ ဒါပေမဲ့ ဘာတိုးတက်​မှုမှ သိသိသာသာ မရှိသေးဘူးကိုး။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now