အမှန်​တရားရဲ့ ဘက်​တော်​သား (၂၆)

2.6K 507 8
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၆)
~~~~~~~~~~~~~~~~~~~~~~~~~~~~

အခုတလော ကျောင်းသူတွေ မိမိကိုယ်​ကို အဆုံးစီရင်​မှုတွေ ဆက်​တိုက်​ဆိုသလို ဖြစ်​လာတော့ ဖန်​ကျစ်​ကော်​အတော်​လေး စိတ်​ဆတ်​နေတော့တယ်​။ သူ့မှာ နောက်​ခံအင်​အားတောင့်​တင်းတယ်​ဆိုပေမဲ့ ဒီလိုတွေ ဆက်​ဖြစ်​နေမယ်​ဆိုရင်​ လူထုက အာရုံစိုက်​မိသွားတော့မှာပဲ။

"ဘာတွေ ဖြစ်​ကုန်​တာလဲ၊ မင်း သူတို့ကို ဘယ်​လိုတွေ စည်းရုံးထားတာလဲ" ဖန်​ကျစ်​ကော်​ ဒေါသကို မထိန်းနိုင်​တော့ဘဲ ရှိယာရှင်းကိုသာ ကျုံးအော်​လိုက်​တော့တယ်​။

ရှိယာရှင်းကတော့ လက်​နှစ်​ဖက်​ယှက်​ထားလျက်​၊ လက်​ဖဝါးမှာ ချွေးစေးတွေ ပြန်​နေလျက်​နဲ့ပေါ့။ သူ အသံကတုန်​ကရင်​နဲ့ပဲ ဖြေရှာတယ်​။ "ကျွန်​မလည်း တတ်​နိုင်​သမျှ ကြိုးစားခဲ့တာပဲ"

ဖန်​ကျစ်​ကော်​ သူ့ကို ဝံပုလွေအရိုင်းကောင်​လို အကြည့်​တွေနဲ့ စူးစူးရဲရဲ စိုက်​ကြည့်​နေလိုက်​တယ်​။ သူ ရှိယာရှင်းရဲ့ လည်​တိုင်​ကို ဖမ်းကိုင်​ထားလိုက်​ပြီး သွားကို စေ့ကာ အံ တကျိတ်​ကျိတ်​ ပြောလေတယ်​။ "ငါ လိုချင်​တာ မင်း အတတ်​နိုင်​ဆုံးကြိုးစားတဲ့ဟာကို မဟုတ်​ဘူး... မင်းကို ဒီမှာ နေလို့ရအောင်​ ငါ ဘာလို့ စီစဉ်​ပေးထားတာလဲ သိလား၊ မင်းအလုပ်​ကို မင်း နိုင်​အောင်​ မလုပ်​နိုင်​ရင်​ ဘာစောက်​သုံးကျဦးမှာလဲ"

ရှိယာရှင်း သူ့ကို အတော်​လေး ထိတ်​လန့်​သွားပုံပဲ။ ဖန်​ကျစ်​ကော်​ လက်​ကို ပြန်​ဆုပ်​ကိုင်​ထားရင်း ငိုယို တောင်းပန်​နေတယ်​။ "ကျွန်​မ တောင်းပန်​ပါတယ်​၊ ကျွန်​မ မှားသွားပါတယ်​၊ ကျွန်​မ တာဝန်​မကျေမိလို့ပါ... သူတို့ကို နောက်​တစ်​ခါဆို ကျွန်​မ သေချာ ချော့မော့ထားလိုက်​ပါမယ်​... သူတို့ ဒီလိုမျိုး လုပ်​တာမျိုး ထပ်​မဖြစ်​စေရတော့ပါဘူး"

"တော်​လောက်​ပြီ" ဖန်​ကျစ်​ကော်​ သူ့ကို ပိတ်​ပြောလိုက်​တယ်​။ ရှိယာရှင်း မတ်​မတ်​ရပ်​နိုင်​အောင်​ ပြန်​ထူပေးလိုက်​ပြီး အင်္ကျီလည်​ပင်းကိုလည်း ပုံပြန်​ကျသွားအောင်​ ပြင်​ဆင်​ပေးလိုက်​တယ်​။ သူ ညင်​ညင်​သာသာလေး ပြောလာပုံကလည်း တခြားသူတစ်​ယောက်​အဖြစ်​ ပြောင်းလဲသွားသလား မှတ်​ရတယ်​။ "ရှောင်​ယာ... ငါ မင်းကို ခဏခဏပြောဖူးပါတယ်​၊ သိပ်​ပြီး နမော်​နမဲ့ မနိုင်​ပါနဲ့လို့... မင်း ဘာလို့ ငါ့စကား နားမထောင်​တာလဲ ဟင်​၊ သတိထားလို့ ပြောခဲ့တယ်​လေ... သတိထားပါလို့..." ဖြန်း...!

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိDonde viven las historias. Descúbrelo ahora