အမှန်​တရားရဲ့ ဘက်​တော်​သား (၂၃)

2.8K 545 4
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၃)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ခုန်​ချသတ်​သေသွားခဲ့တဲ့ ကောင်​မလေး။

မင်​ရှု အခု စာသင်​ဆောင်​အဟောင်းကြီးရှေ့မှာ ရပ်​ပြီး... မုန့်​စားနေတယ်​။ သွေးစွန်းကွက်​ကြီးတော့ မရှိတော့ဘူး။ ရှင်းပြီးသွားတာနေမယ်​။ ရဲတွေ လာကပ်ထားတဲ့ တိတ်​အဝါတန်းကြီးတွေသာ မရှိရင်​ ဒီနေရာမှာ မိမိကိုယ်​ကို အဆုံးစီရင်​မှုဖြစ်​ထားမှန်း ဘယ်​သူမှ တွေးမိမှာ မဟုတ်​လောက်​ဘူး။

မင်​ရှု အဝါရောင်​တိတ်​ကြိုးတွေအောက်​က ငုံ့ပြီး လျိုဝင်​လိုက်​တယ်​။ ပြီးတော့ ခေါင်​မိုးထပ်​ထိ တက်​လာလိုက်​တယ်​။

စာသင်​ဆောင်​အဟောင်းကြီးမှာ စုစုပေါင်း ခြောက်​ထပ်​ရှိတယ်​။ သိပ်​အမြင့်​ကြီးတော့ မဟုတ်​ဘူး။ ခေါင်​မိုးမှာက အနှစ်​နှစ်​အလလက ချန်​ထား ပစ်​ရစ်​ခဲ့တဲ့ အမှိုက်​တွေ ပုံလျက်​။

ကောင်​မလေး ခုန်​ချခဲ့တဲ့နေရာကို မင်​ရှု လျှောက်​လာလိုက်​ပြီး ကိုယ်​ကို ကိုင်းကာ ငုံ့ကြည့်​လိုက်​တယ်​။

နောက်​တော့ သူမ အင်္ကျီဂုတ်​စကနေ တစ်​ကိုယ်​လုံးပါအောင်​ ဆွဲမ,ခံလိုက်​ရပါလေရော။ လှည့်​ကြည့်​လိုက်​တော့၊ မင်​ရှု တွေ့လိုက်​ရတာက ချန်​ယန်​ရဲ့ မျကာနှာလှလှ။

ရန်​လိုတဲ့ အပြုံးလေး ပြုံးရင်း မင်​ရှု ချန်​ယန့်​လက်​ကို ပုတ်​ထုတ်​လိုက်​တယ်​။ တစ်​ဆက်​တည်းမှာပဲ ချန်​ယန့်​ ဗိုက်​ကို ပိတ်​ထိုးလိုက်​တယ်​။ ချန်​ယန်​က လက်​သီးချက်​ကို အသာရှောင်​လိုက်​ပြီး သူ့ လက်​သီးကို ဖမ်းထားလိုက်​နိုင်​တယ်​။

"လုမုန်း၊ နင်​ ငါ့ကို ဒီလောက်​ကြီး အားတက်​သရော ကြိုဆိုချင်​တာ သေချာလား"

"နင်​သာ ငါ့နောက်​က တကောက်​ကောက်​လိုက်​မနေရင်​ ငါလည်း ဒီလောက်​ စိတ်​အားထက်​သန်​နေမိမှာ မဟုတ်​ဘူး" မင်​ရှု သူ့လက်​ထဲက အားနဲ့ ပြန်​ရုန်းပြီး သူ့ကိုပါ ပုခုံးပေါ်က လွှဲမြှောက်​ကိုင်​ပေါက်​ပေးလိုက်​တယ်​။

". . ." 'ဒီကောင်​မလေး ဘာလို့ ဒီလိုတွေ လုပ်​ရတာလဲ'

မင်​ရှု ချီယန်​ ရင်​ဘတ်​ပေါ် တက်​နင်းထားလိုက်​တယ်​။ သူ ကိုယ်​ကို ကိုင်းပြီး ဒူးနှစ်​ဖက်​ပေါ် လက်​ထောက်​ထားရင်း ငုံ့ကြည့်​တယ်​။ ပြီးတော့ ပြုံးကာ ဆိုတယ်​။ "ချန်​ယန်​၊ နင်​ ငါ့ပြောစကားကို နားမထောင်​ဘူး... အမြဲ မသိချင်​ယောင်​ဆောင်​နေတယ်​နော်​၊ နင်​ ငါ့စိတ်​ရှည်​သည်းခံနိုင်​စွမ်းကို လာစမ်းနေတာလား" သူ့လေသံက ခပ်​ပျော့ပျော့ ခပ်​အေးအေးပေမဲ့ အေးစိမ့်​စိမ့်​ လေစိမ်းလိုပဲ သူ့ပါးပြင်​ဘေးက ဖြတ်​သန်းသွားလေတယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိTahanan ng mga kuwento. Tumuklas ngayon