ကောလဟလ ဘုရင်​မ (၈)

4.8K 894 23
                                    

ကောလဟလ ဘုရင်​မ (၈)
~~~~~~~~~~~~~~~~~~~~~~

"တို့ ပြဿနာမရှာမိပါဘူးလို့..." မင်​ရှုက ပြန်​ပြင်​ပြောတယ်​။ "တို့ခြေထောက်​က ရှာတာ..."

". . ." 'ငါ့ဓား ဘယ်​ရောက်​နေလဲ'

အိုက်​လင်းမှာ ဒေါသထွက်​ရလွန်းလို့ အသက်​ရှူ သံတွေတောင်​ ကျယ်​လာတယ်။ သူမ ထိုင်​ခုံတစ်​လုံးဆွဲကာ ထိုင်​လိုက်​ပြီး မင်​ရှုရှေ့က စားပွဲကို ရိုက်​ပုတ်​မိတော့တယ်။ အခန်းထောင့်​လေးမှာ ရပ်​နေတဲ့ ထျန်းယွမ်​တောင်​ အသံကျယ်​ကြောင့်​ လန့်​ဖြန့်​ တုန်​သွားမိတော့တာပဲ။ သူမ အသံတောင်​မထွက်​ရဲတော့ဘူး။

'ကြောက်​စရာကြီး...!'

အိုက်​လင်း သူမ မျက်​နှာပေါ် အကျည်းတန်​ ကြောက်​မက်​ဖွယ်​ အပြုံးမျိုး ပြုံးထားလိုက်​တယ်။ "ပြောစမ်း၊ ကျန့်​ညန်​... နင်​ ဘာတွေ ကြံစည်​နေတာလဲ"

"နဉ်​ခယ့်​ချင်းကို အနိုင်​ကျင့်​ဖို့..." 'အာ့အတွက်​နဲ့ ငါ ဒီကို ရောက်​နေတာလေ၊ အဲ့ဒါမှ မလုပ်​ရင်​ ဘာလုပ်​ရဦးမှာလဲ...'

အိုက်​လင်းမျက်​နှာပေါ်က အပြုံးတွေ ရုတ်​တရက်​ကြီး ပျောက်​သွားပြီး မင်​ရှုကို တော်​တော်​ကြာအောင်​ ငေးကြောင်​ကြည့်​နေမိတော့တယ်။ နောက်​တော့ သူမ အတော်​ခြေကုန်​လက်​ပန်းကျနေတဲ့အသံနဲ့ ပြောလေတယ်။ "နင်​ ငါ့ကို နောက်​နေတာလား... နဉ်​ခယ့်​ချင်းနဲ့ နင့်​အကြားမှာ ဘာတွေ ဖြစ်​ခဲ့လို့လဲ... သူ နင့်​ကို ဘာအပြစ်​များ ပြုထားမိလို့လဲ..."

အိုက်​လင်း ထျန်းယွမ်​ကိုလည်း တီးခေါက်​ကြည့်​ပြီးသွားပြီ။ ဒါပေမယ့်​ ကျန့်​ညန်​နဲ့ နဉ်​ခယ့်​ချင်းအကြားမှာ ဘာပတ်​သက်​မှုမှမရှိခဲ့ဖူးတာ။ ကျန့်​ညန်​ သူမကို မဆီမဆိုင်​ အကြောင်းပြချက်​မရှိ ထအနိုင်​ကျင့်​တာလေ။ သူမ တစ်​ခုခုများ ဖြစ်​သွားတာလားပဲ။

"အွန်း၊ သူ ကျွန်​မကို အလိုလိုနေရင်းကို စိတ်​တိုစေတာကို..." မင်​ရှုက ပြန်​ဖြေတယ်​။

'ငါ့အမှားမှ မဟုတ်​တာ... ငါက Harmony System ကိုယ်​စား အပြစ်​တင်​ခံနေရတာ...'

". . ." 'ငါ သူ့ကို ဆေးခန်းသွားပြမှ ဖြစ်​တော့မယ်​...' လို့သာ အိုက်​လင်း တွေးနိုင်​တော့လေတယ်။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now