ရှုမငြီးသော နတ်​ဆေးရှင်​ (၃၈)

1.5K 328 7
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၃၈)
~~~~~~~~~~~~~~~~~~~~~~

မင်​ရှု နဂါးမျိုးမြွေကို ချောက်​ကမ်းပါးစွန်းနားလေးထိ ဆွဲခေါ်လာခဲ့လိုက်​တယ်​။

"မင်း ဘာလုပ်​မလို့လဲ" နဂါးမြွေမျိုးရဲ့ အသံဟာ နာကျင်​မှုတွေ အပြည့်​ပဲ။

သူ့ခန္ဓာကိုယ်​က လှုပ်​ရှားမရတော့တာကြောင့်​ မင်​ရှုကို အကူအကယ်​မဲ့သာ စိုက်​ကြည့်​နေရတော့တယ်​။

"စမ်းကြည့်​ချင်​လို့၊ သက်​ရှိတစ်​ကောင်​ အမြင့်​ကနေ ပြုတ်​ကျတာ ဘယ်​လိုနေမလဲလို့" မင်​ရှု နဂါးမျိုး မြွေကို ချောက်​အစွန်းနားထိ တွန်းထုတ်​လိုက်​တယ်​။ ပြီးတော့ သူ့အင်္ကျီစကနေ ချုပ်​ကိုင်​ဆွဲထားလေရဲ့။ လေထဲမှာ တွဲလောင်းကြီးဖြစ်​နေတဲ့ နဂါးမျိုး မြွေဟာလဲ အောက်​ကို ငုံ့ကြည့်​လိုက်​တာပေါ့။ ချောက်​ရဲ့ အခြေမှာ စိမ်းစို အုပ်​ဆိုင်းနေတဲ့ အပင်​တွေရယ်​၊ ချွန်​ထွက်​နေတဲ့ ကျောက်​ဆောင်​တွေရယ်​ တည်​ရှိနေတယ်​။

"ငါ့ကို ပစ်​ချလိုက်​ရုံနဲ့၊ ငါ သေသွားမယ်​ ထင်​နေတာလား" 'ငါက နဂါးပါနော်​၊ အဲ့သလောက်​ လွယ်​လွယ်​နဲ့ သတ်​လို့ ရမလားလို့'

မင်​ရှုကတော့ နဂါးမျိုးမြွေရဲ့ ပခုံးကို အသာပုတ်​လိုက်​ကာ ပြုံးပြလိုက်​တယ်​။ "နင်​ သိပ်​အတွေးလွန်​နေတာပဲ၊ ငါ နင့်​ကို သတ်​မယ်​လို့ ဘယ်​တုန်းက ပြောမိလို့လဲ၊ နှုတ်​ဆက်​ပါတယ်​ မိတ်​ဆွေ...!"

မင်​ရှု လက်​လွှတ်​လိုက်​လေရဲ့။

နဂါးမျိုးမြွေ ဟန်​ချက်​ပျက်​ပြီး လျင်​လျင်​မြန်​မြန်​ပဲ ပြုတ်​ကျသွားတော့တယ်​။ ခဏခဏဆိုသလို လေးလံတဲ့ အရာတစ်​ခု ကျောက်​ဆောင်​တွေနဲ့ တိုက်​မိတဲ့ အသံမျိုးပါ ထွက်​လာသေး။

မင်​ရှု ကျောက်​ချောက်​ကမ်းပါးထိပ်​ကနေ လှမ်းလို့ ငုံ့ကြည့်​လိုက်​သေးတယ်​။

'ငါ သူများတကာကို ငါ့ လက်​နဲ့ ထစ်​ခနဲရှိ သတ်​နေမှာ မဟုတ်​ဘူး၊

ဒါပေမဲ့ အဲ့သလို လူ မသတ်​လို့ဆိုပြီး ငါ့ကို ဒုက္ခပေးမဲ့ ဘီလူးမှင်​စာလေးတွေကို လတ်​လျားလတ်​လျား ဘေးမဲ့ ပေးလိုက်​မယ်​လို့ ဆိုလိုတာ မဟုတ်​ဘူး၊

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now